Ep -17

10.8K 1.1K 47
                                    

မျက်လုံးတွေလေးလံနေပေမယ့်..
အားယူကာဖွင့်ကြည့်မိသည်။
သူအရင်ဆုံးရှာမိသည်က ဂျွန်ဂျောင်ကုပင်။

"ဂျောင်ကု...ဂျောင်ကု.."

ကျွန်တော်ခေါ်သံကြောင့်..
ဂျောင်ကုက အပြေးအလွှားရောက်လာပြီး..
ကျွန်တော့်လက်ကိုဆုပ်ကိုင်လိုက်သည်။

"မင်..နိုးလာပြီလား..သက်သာရဲ့လား အရမ်းနာနေလား.."

"အင်း..ဗိုက်နားကနာနေတယ်.."

"ခနလေး ကိုယ်ဆရာဝန်ခေါ်ပေးမယ်"

"ရတယ်..သက်သာသွားမှာပါ..ပြီးတော့..
ကလေးရော..အာ..ဟုတ်သားပဲ..
ကျွန်တော်မကြည့်ရဘူးပဲ.."

"ငါအခုမင်းကို အခွင့်အရေးပေးမယ်..
မင်းဘာလုပ်ပါ..ထယ်ယောင်းကိုမပြောနဲ့
လို့လည်းမတားတော့..ကလေးကိုကြည့်ချင်လား
သို့မဟုတ်..ကိုရီယားကိုပြန်မလား.."

"ကိုရီးယား ကိုပြန်မယ်.."
မဆိုင်းမတွပြန်ဖြေသည့် ဂျီမင်ကြောင့်..
ဂျောင်ကုစိတ်ထိခိုက်သွားသော်လည်း..
အတတ်နိုင်ဆုံးပြုံးလိုက်သည်။
ကျွန်တော်ပြောပါတယ်...
တည်ငြိမ်နေတဲ့ရေပြင်ကို ဘယ်လောက်ပဲကျောက်ခဲတွေနဲ့ပစ်ပစ်..
ဂယက်ထနေလည်းပဲ
တစ်ချိန်ကြရင် ပြန်ပြီးတည်ငြိမ်သွားမှာပဲမဟုတ်လား။

ကျွန်တော်အတွက်တော့ဒါကတော်ပါသေးတယ်။
မင် သတိလစ်သွားတယ်လို့ကြားတော့..
ကျွန်တော်ကမ္ဘာပျက်သွားသလိုပဲ..။
သူတစ်ခုခုဖြစ်မှာအရမ်းကြောက်နေခဲ့တာ..
ဒါပေမယ့်..ကံကောင်းစွာနဲ့ ကလေးကို
ဗိုက်ခွဲမွေးခဲ့ပြီး..မင် ရဲ့အသက်နဲ့ကလေး
အသက်ကို ကယ်လိုက်နိုင်ခဲ့တယ်။

"အင်း..ဆေးရုံကဆင်းရင်..ကိုယ်
ကိုယ်တိုင်လိုက်ပို့ပါ့မယ်.."

"အင်း..''

"ကိုယ်အပြင်ခနသွားလိုက်ဦးမယ်..''

Jungkook ထွက်သွားပြီးမှ..
ဂျီမင်ငိုနေသည်။

တကယ်တော့ သူအရမ်းကြည့်ချင်နေခဲ့တာ..
သားလေးလား..သမီးလေးလား။
အရမ်းချစ်စရာကောင်းနေမလား..
ကျွန်တော်နဲ့တူနေမလား..
အခုအရမ်းသိချင်နေတယ်...ဒါပေမယ့်
ကျွန်တော်ပေးခဲ့တဲ့ကတိနဲ့မာနကိုမလွန်ဆန်
နိုင်ဘူးဖြစ်နေတယ်။

"ရင်ခုန်သံနှောင်ကြိုး"[Completed]Where stories live. Discover now