မတွေ့ရတာကြာပြီးဖြစ်တဲ့..သိပ်ချစ်ရသည့်မျက်နှာလေးကို...ဆိုင်းဘုတ်ကိုင်ရင်းမှော်နေရသည်မှာ
လည်ပင်တောင်ရှည်တော့မည်။
ဆိုက်ကပ်လာသည့်လေယာဉ်နှင့်အတူ...
ဘယ်တော့များထွက်လာမလဲဟူ၍..
တမျှော်မျှော်နှင့် ။တွေ့ချင်လှပြီလေ..။တကယ်ပဲ သူမျက်နှာလေးကိုမြင်ချင်လှပြီ...။
ထွက်ပေါက်ကနေ ..တဖြည်းဖြည်း ထွက်ပေါ်လာသည့်..ကျွန်တော်သိပ်တွေ့ချင်
ခဲ့သောမျက်နှာလေးကို တွေ့ခွင့်ရပြီလေ။
ပိန်တောင်ပိန်သွားသလိုပဲ...။ကျွန်တော် သူ့ကိုသိပ်ချစ်ခဲ့တာ..အဲ့တာကြောင့်လည်း
ကျွန်တော်အပြစ်မမြင်ရက်ဘူး...။
ကျွန်တော်ချစ်တဲ့ နောက်ထပ် တစ်ယောက်ကို
လက်မလွှတ်နိုင်တော့ဘူး။
အဲ့တာကြောင့် ဘာတွေပဲဖြစ်ခဲ့ပါစေ..
လက်မလွှတ်တော့ဘူး။×××××××××××××××××××××××
ဂျောင်ဟိုဘီ..သူမနာမည်ကဂျောင်ဟိုဘီ။
ဟိုဆော့၏အမအရင်းပင်။ဟိုဆော့သည်
ငယ်စဉ်ကတည်း သူ၏အမအား
သိပ်ချစ်ခဲ့သည်။ တစ်ယောက်နဲ့ တစ်ယောက်
အရမ်းချစ်ကြတဲ့မောင်နှမတွေ ဖြစ်ခဲ့ကြသည်။
ထို့အတူ ထယ်ယောင်း ၊ ဂျောင်ကု နှင့်
ယွန်းဂီတို့လည်း သူငယ်ချင်းတွေဖြစ်ခဲ့သည်။
အလယ်တန်းဒုတိယနှစ်မှာလေးယောက်လုံး
ဆုံဖြစ်ခဲ့ပြီး ထိုအချိန်မှစ၍ ကောင်းလေး
သုံးယောက်၏ အသဲနှလုံးဖြစ်ခဲ့သည်။
ဟိုဘီကဖြူစင်သောမိန်းကလေးတစ်ယောက်
ဖြစ်ပြီး အရာရာပြည့်စုံသည့်မိန်းကလေးဖြစ်
တာကြောင့်...သူ၏သူငယ်ချင်း
သုံးယောက်လုံးက ကြိတ်ကြိုက်ခဲ့ကြသည်။တစ်နေ့ ထယ်ယောင်း၏မိဘတွေက..
ဟိုဘီအား ချွေးမဖြစ်စေချင်တာကြောင့်..
ထယ်ယောင်း စေ့စပ်ပေးခဲ့သည်။
ထိုသတင်းကို ကြားကြားချင်းဂျောင်ကုအလွန်ပင်
ဒေါသထွက်ကာ...ဟိုဘီအားဖွင့်ပြောဖို့
ဆုံးဖြတ်လိုက်သည်။ဒါပေမယ့် ကံကြမ္မာကမျက်နှာသာမပေးခဲ့။
ဟိုဘီရဲ့ရင်ထဲ၌ ထယ်ယောင်းသာရှိနေခဲ့ပြီး
ထယ်ယောင်း၏ ချစ်ရေးဆိုမှုကို
လက်ခံခဲ့သည်။ ဟိုဘီနှင့် ဂျောင်ကုက
ငယ်ပေါင်းကြီးဖော်တွေဖြစ်ပြီး..ဂျောင်ကုက
ဟိုဘီအားငယ်စဉ်အား စိတ်ဝင်စားနှစ်သက်
ခဲ့သည်။
သူ့အတွက်တော့ နှလုံးသားတစ်ခုလုံး
ကြေမွသွားသလို..အလွန်နာကျင်ရသည်။
သူသိပ်ချစ်ရတဲ့သူဖြစ်တာကြောင့်...
ဟိုဘီအား ထယ်ယောင်းနှင့်လင်ထပ်မည့်
နေ့မှာတင်
ကားတင်ပြေးခဲ့သည်။
YOU ARE READING
"ရင်ခုန်သံနှောင်ကြိုး"[Completed]
Fanficအချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တောင် ရင်နာနာနဲ့ဆက်ချစ်နေခဲ့တဲ့အချစ်ရူးတစ်ယောက် ဖြစ်ခဲ့တယ်။ အချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တော...