Ep -27(Final)

23.1K 1.4K 64
                                    

Jungkook နှင့်Jiminလည်းရုံးတက်လက်မှတ်ထိုးပြီး..
ဂျီမင်တို့ခြံထဲရှိ သီးခြားအိမ်တစ်လုံးပြောင်းလဲ
နေထိုင်ခဲ့သည်။

"မင်လေး..ကိုယ်ဒီနေ့နောက်ကျမယ်နော်
သူငယ်ချင်းတွေကဂုဏ်ပြုတဲ့အနေနဲ့
သွားသောက်မလားလို့.."

"အင်း..သွားလေ အရမ်းနောက်မကျစေနဲ့နော်"

"အင်းပါ..အဲ့ဆိုကိုယ်သွားပြီနော်"

ဂျောင်ကုထွက်သွားပြီးနောက်ပိုင်း..
ဂျီမင်သက်ပြင်းချမိသည်။
တကယ်တမ်းအိမ်ထောင်သည်ဖြစ်သွားတော့..
ဘဝကအကျဉ်းကျသွားသလိုဖြစ်သွားတယ်။
တစ်နေ့တစ်နေ့လုပ်လိုက်ရတဲ့..
အိမ်မှုကိစ္စ..ကလေးအဝတ်တွေလျှော်၊
ငိုရင်ပြေးထိန်းရ၊ညဘက်ဆိုလည်း ကလေးကထငိုလို့ထထိန်းရသေးတယ်။
အိမ်အပြင်ထွက်ရတယ်လို့တောင်..မရှိတော့ဘူး။
တစ်နေ့တစ်နေ့ ဒါတွေနဲ့ပဲ ပတ်ချာလည်ရိုက်နေလို့လူလည်း..နုံးနေပြီ။
ကိုယ့်ကိုကိုယ် ပြင်ဆင်ဖို့အချိန်တောင် မရှိလို့
လူလည်းပေတိပေစုတ်ညစ်ညစ်ပတ်ပတ်
ဖြစ်နေပြီ။

တကယ်..စောစောစီးစီး လင်ယူမိတာမှားတာပဲ။
အခုကလေးကတစ်ဖက်နဲ့..
အဲ့ဒီလင်ဖြစ်သူကလည်း..အိမ်ကိုမကပ်ဘူး။
တစ်ခါတစ်လေတော့ လင်ယူမိတာအကြီးအကျယ်နောင်တရတယ်။
ငြီးငွေ့လာပြီ...အရင်ကလွတ်လွတ်
လပ်လပ်နေခဲ့တာကိုသတိရတယ်။
ဘယ်လိုပဲချစ်တယ်ပြောပြော..
အရမ်းအလုပ်တွေလုပ်ရပါများတော့..
စိတ်ညစ်မိတာအမှန်ပဲ။

"သားဘာတွေသက်ပြင်းခနခနချနေတာတုန်း..
ပေစုတ်နေတာပဲ..သွားရေသွားချိုး..
အမေ ကလေးထိန်းပေးထားမယ်"

"ခနနေမှ..ချိုးတော့မယ်အမေရာ..
သားပင်ပန်းလို့..နားချင်လို့"

"မေမေ့သားလေးတော်တော်ပင်ပန်းနေပြီလား..
အိမ်ထောင်ပြုလိုက်တော့..ဘယ်လိုနေလဲ"

ဂျီမင်၏အမေကဂရုဏာသက်စွာပြောတော့

"ပင်ပန်းတယ် မေမေ..အရင်ကလိုမလွတ်လပ်တော့သလိုပဲ
အိမ်ထောင်ပြုပြီးနောက်ပိုင်း..အခက်အခဲတွေ ရှိလာနိုင်လား"

"ဒါပေါ့..အိမ်ထောင်တစ်ခုကိုနိုင်နင်းအောင်
တည်ဆောက်နိုင်ရတယ်..အထူးသဖြင့်
လင်နဲ့မယားနဲ့လို့ဖြစ်လာရင် အရာရာကိုညှိနှိုင်းတိုင်ပက်ရတယ်..ရည်းစား ဘဝတုန်းကလိုအဆင်မပြေတိုင်းပြတ်လို့မရဘူး
တကယ်လို့..သားတို့ကွာရှင်းတယ်ပဲထား..
အိမ်ထောင်သည် ကွာရှင်ထားတာဆိုတဲ့
နာမည်ဆိုးကြီးကတော့ကျန်ခဲ့လိမ့်မယ်..
ယောကျာ်းဖြစ်သူကို သေချာထိန်းသိမ်းနိုင်ရတယ်..အရမ်းတင်း
ကြပ်လွန်းရင်လည်းသူတို့ကထွက်ပေါက်
ရှာတတ်တယ်သား..လွှတ်ထားပြန်တော့လည်း
လွတ်လပ်ပြီးလုပ်ချင်ရာလုပ်တတ်တယ်
အဲ့တော့ သားကပဲအရာအားလုံးကိုချင့်ချိန်ပြီး
ထိန်းသိမ်းရမယ်.."

"ရင်ခုန်သံနှောင်ကြိုး"[Completed]Where stories live. Discover now