ကုမ္မဏီကနေ ပြန်လာတော့..လမ်းမှာမုန့်ဆိုင်လေးတွေ့လို့
ဂျီမင်အတွက်ဆိုပြီးတော့...ဝယ်ခဲ့သေးတယ်။
ကျွန်တော် အိမ်ပြန်ရောက်တော့..
အိမ်ရှေ့တီဗီရှေ့ဆိုဖာပေါ်မှာ..ငိုင်ကာ
ထိုင်နေသည့်ဂျီမင်...။သူအဲ့လိုဖြစ်နေတာတွေ့တော့ ကျွန်တော်လည်းစိတ်မကောင်းဖြစ်သည်။
အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ
ကျွန်တော်ပဲ အရှုံးကြီးရှုံးပြီး ကျန်ခဲ့မယ်ဆိုတာ
မယ်ဆိုတာသိနေတယ်..
ပိုချစ်တဲ့သူက အရှုံးမဟုတ်လား..။"ဂျီမင်.."
"ဟင်.."
"ရော့..မင်းစားဖို့မုန့်ဝယ်လာတယ်...
အဲ့လိုကြီးငိုင်ပြီးနေမနေနဲ့..လန်းလန်းဆန်းဆန်း
ဖြစ်သွားအောင်ရေချိုးမလား ကိုယ်ရေစပ်ပေးမယ်""အင်း..''
"ရော့ မုန့်စားထားနှင့်.."
"ခင်ဗျား ရောမစားဘူးလား"
"ကိုယ်ကစားခဲ့ပြီးပြီ.."
"အော်..ဘာလို့တစ်ယောက်တည်းစားခဲ့တာလဲ
အိမ်ရောက်မှစားတာမဟုတ်ဘူး..
ရော့မစားချင်တော့ဘူး"ကျွန်တော်ပေးသည့်မုန့်ထုတ်ကို နံရံကို
ပစ်ပေါက်ကာ ဆောင့်အောင့်ပြီးထွက်သွားသည်။
ဂျီမင်..ဘာဖြစ်တာပါလိမ့်..
ချက်ချင်း သူ့နောက်ကိုလိုက်ကြည့်တော့
အိပ်ယာပေါ်မှာစောင်ခြုံကာအိပ်နေသည်။တရှုံရှုံဖြစ်နေသည့်အသံကြားတာကြောင့်
ကျွန်တော်အနားသို့သွားလိုက်သည်။"Jimin.."
"ဂျီမင် ငိုနေတာလား.."
စောင်အား အသာဆွဲလှန်ကြည့်တော့..
ဂျီမင်ကတရှုံရှုံ နှင့်ငိုနေသည်ကို
တွေ့လိုက်ရသည်။"မငိုနဲ့လေ..ဘာဖြစ်လို့လဲ..ကိုယ်က
တစ်ယောက်တည်းစားပစ်လို့လား မုန့်တွေကို""အင်း..ဟင့်..သွား..ခင်ဗျား ဘာသာတစ်ယောက်တည်းနေ.."
"အယ်..အယ်..မငိုနဲ့တော့လေ..
ကိုနောက်တစ်ခါမစားတော့ဘူး..အိမ်ရောက်
မှစားတော့မယ်ဟုတ်ပြီလား..ကဲ..ရေသွားချိုး
ပြီးရင်အပြင်မှာ ထမင်းသွားစားကြမယ်"
YOU ARE READING
"ရင်ခုန်သံနှောင်ကြိုး"[Completed]
Fanfictionအချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တောင် ရင်နာနာနဲ့ဆက်ချစ်နေခဲ့တဲ့အချစ်ရူးတစ်ယောက် ဖြစ်ခဲ့တယ်။ အချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တော...