Ep -7

13.1K 1.3K 40
                                    

"ဟာ အမေကလည်းတကယ်ပါဆို..ကျွန်တော်
က
အဲ့လိုလူမျိုးလား..''

ဟိုကောင်လေး ရှုပ်ထားတဲ့ပြဿနာကို
သူ့အမေအားပြန်ရှင်းပြနေခြင်းသာ။
ကော်ဖီသောက်နေရင်း..သူ့အားမျက်လုံးလှန်
ကြည့်လာသောအမေက ဟုတ်လို့လားဆိုသည့်အဓိပ္ပါယ်ပင်။

"ဟျောင့်..ပတ်ဂျီမင်..ရှင်းပြလိုက်လေ..''

ဘေးနားထိုင် အမေဝယ်လာတဲ့အသီးတွေကို
လက်နှစ်ဖက်လုံး တစ်ဖက်ကပန်းသီး..တစ်ဖက်ကစပျစ်ကိုင်ကာ
မိန့်မိန့်ကြီးထိုင်စားနေတဲ့ပတ်ဂျီမင်ဆီမှ
ပန်းသီးဆွဲလုကာ ပြောလိုက်သည်။

"ဟုတ်ပါတယ် အန်တီရဲ့..ကျွန်တော်
ပြောတာကို အန်တီကတစ်မျိုးထင်သွားတာ.."

"အဲ့တာဆို မင်းကဂျောင်ကုရဲ့ကောင်လေးမဟုတ်ဘူးပေါ့"

"မဟုတ်ပါဘူးဗျာ..ကျွန်တော့်မှာရည်းစားရှိတယ်"

"ဟုတ်ပါပြီ..ငါ့မှာတော့တကယ်ထင်ပြီး
ဝမ်းသာလိုက်ရတာ... ကိစ္စမရှိပါဘူး..
နောက်လည်းမင်းကငါ့သမက်ဖြစ်ရင်ရတယ်..
အခုမဖြစ်သေးလည်း.."

"ဗျာ.."

"အာ omma!!"

Jungkook အမေရဲ့စကားကြောင့်
Jiminကကြောင်သွားပြီး ဂျောင်ကုကရှက်သွားသည်။

"ဂျီမင်..."

သူ့အိမ် အပြေးဝင်လာကာ ဂျီမင်အားအရင်ခေါ်လိုက်တဲ့ ထယ်ယောင်းကြောင့် ဂျောင်ကုမျက်နှာမဲ့သွားသည်။
ဘယ့်နဲ့...ငါ့အိမ်လည်းလာသေးတယ်..
မေးတော့သူ့လင်ကိုအရင်ဆုံးမေတယ်...
ကျက်သရေတုံးချက်က 9+ပဲ..

"ထယ်ယောင်းဟျောင်း..လာလေ''

အိမ်ရှေ့မှာတစ်ခုပြီးတစ်ခုထိုင်စားပြီး..
သူ့အားအမြဲတမ်း ဆူအောင့်ကာပြောသည့်ကောင်လေးက
ထယ်ယောင်းလည်းလာရော အသံလေးကိုချိုသာလို့။
ထယ်ယောင်းကိုအဲ့တစ်ချက်တော့မနာလိုဖြစ်
မိသား..သူ့ကိုခေါ်ရင် ခင်ဗျား ခင်ဗျား နဲ့
ထယ်ယောင်း​ရှေ့ရောက်ရင် စီနီယာ ဂျောင်ကုဆိုပြီး..အသုံးအနှုန်းကချက်ချင်း
ကိုယဉ်ကျေးသွားပြန်ရော..။
ဘယ်ဘဝကအကုသိုလ်လည်းမသိဘူး..
စီနီယာ ဖြစ်ပြီးလေး။လေးစားမခံရတဲ့ဘဝ..။
ငါကလည်း..သူ့ကိုမှ ကားတိုက်မိတာကို
အကခြားတစ်ယောကိုကားတိုက်ရင် ဆေးရုံလိုက်ပို့ပေးပြီး..လျော်ကြေးပေးရင်ကိစ္စ
ကပြီးပြီ..။
ဒီကောင်လေးကိုမှတိုက်မိတော့..
စပ်စပ်ထိမခံတဲ့သူမို့..ကိုယ့်အိမ်ပေါ်ထိ
ခေါ်လာရသည်။
မကျေနပ်တာများရှိရင်..
ခင်ဗျား ၊ဂျန်ဂျောင်ကုဆိုပြီးခေါ်သည်လေ..
လိုချင်တာများရှိလို့ကတော့..
စီနီယာဂျောင်ကုဆိုပြီး..ကပ်ချွဲပြန်သေးသည်။
လူကိုဆို တစ်ချိန်လုံး အမြင်မကြည်..
ကြက်ပေါက်ကြနေတာပဲ..ပါးစပ်ကလည်း
ပိကျိ ပိကျိ...ပိကျိနဲ့..နားကိုညည်းနေတာပဲ
အဘိုကြီးပေါက်စ အတိုင်းပဲ။
ပတ်ဂျီမင်...ကြောက်ဖို့ကောင်းလိုက်တာ..

"ရင်ခုန်သံနှောင်ကြိုး"[Completed]Where stories live. Discover now