Ep -6

13.2K 1.3K 21
                                    

"Park.jimin ထနေ့လည်စာစားမယ်"

"ခနလေး..ခနလေး...ဂိမ်းနိုင်တော့မယ်"

အတော်လက်ပေါက်ကပ် ပတ်ဂျီမင်။
နေ့လည်စာပြင်ပြီးလို့ စားဖို့လာခေယ်တာ၁၂နာရီကတည်းက..
ခနလေး...ခနလေး..ဆိုပြီးနေနေတာ
တစ်နာရီထိုးနေပြီ။
ငါကတော့ ဗိုက်စာလို့သေတော့မယ်..ဒင်းက
ဂိမ်းဆော့ကောင်းတုန်း..ကားတိုက်ကတည်းက
တစ်ခါတည်းဂိမ်းမဆော့ နိုင်အောင်
တိုက်လိုက်ရမှာ။

အိပ်ယာပေါ်ကာ မှောက်ကာ ဂိမ်းဆော့နေသည့်ဂျီမင်လက်ထဲကဖုန်းကို
ယူလိုက်ပြီး ဖုန်းပိတ်ကာတစ်ဖက်စားပွဲပေါ်သို့တင်လိုက်
တော့..ပတ်ဂျီမင် ရဲ့ အောင်လှသောအသံက
ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

သူ့လင်ထယ်ယောင်းကြတော့ အသံကချိုသာလို့
ငါ့ဆိုစကားကောင်း မပြောဘူး...

"ခင်ဗျား ဘာလို့ဂိမ်းဆော့နေတာကိုလာလုတာလဲ
အခုဒီမှာ ဂိမ်းရှုံးသွားပြီ..နိုင်ခါနီးမှကွာ
စိတ်ဓာတ်ပဲ.."

"ငါဗိုက်စာလို့သေတော့မယ်ကွ...စေတနာနဲ့ မင်းကိုအိမ်ခေါ်ထားပြီး ပြုစုပေးနေတာ..
ငါပစ်ထားလိုက်ရင် မင်းဘာသာ ယက်ကန်ယက်ကန် ကြက်ခြေကျိုးသလိုဖြစ်နေလိမ့်မယ်..''

"ဘာဗျ..ခင်ဗျား လွန်လာပြီ..ခင်ဗျား ကားနဲ့တိုက်သွားပြီး..တာဝန်ယူရမှာပေါ့..
ကိုယ်လွတ်ရုန်းလို့ရမလား...''

"အေး..မင်းကိုငါတာဝန်ကျေအောင် ပြုစုပေးနေတာပဲ..နေ့လည်စာစားချိန်တော့
ထမင်းစားပေါ့..မင်းဂိမ်းထိုင်ဆော့နေတော့
ငါကဗိုက်စာလို့သေတော့မယ်...''

"ဟဲ့..သားရေ ဆူညံနေတာပဲ.. အိမ်ကိုဘယ်သူရောက်နေတာလဲ..''

Jungkookနဲ့ဂျီမင်စကားများနေတုန်း
အောက်ထက်ကနေအပေါ်ထက်သို့တက်လာရင်း
ပြောနေသည့် ဂျောင်ကုအမေရဲ့အသံကြောင့်
ဂျောင်ကုကပြန်ပြောဖို့ပါးစပ်ဟလိုက်ချိန်..
ဂျီမင်ကပြေးပိတ်လိုက်ပြီး

"အဟင့်...ဟင့်..ဂျန်ဂျောင်ကု
လူယုတ်မာကြီး..ခင်ဗျား ကျွန်တော့်ကိုတာဝန်ယူမှာလားမယူဘူးလား
ခင်ဗျား ကျွန်တော့်ကိုလုပ်ချင်တိုင်းလုပ်ပြီး
ပစ်ထားလို့ရမလား...အဟင့်...ခင်ဗျား ကြောင့်
ကျွန်တော့်ဘဝကြီးပျက်သွားပြီနားလည်လား..
အဟင့်...စားပြီးနားမလည်လုပ်တဲ့သူကြီး..
ဒီဗိုက်ကိစ္စကိုဘယ်လိုလုပ်မှာလဲ..
ခင်ဗျား တာဝန်ယူရမယ်.."

"ရင်ခုန်သံနှောင်ကြိုး"[Completed]Where stories live. Discover now