"Jimin ကန်တင်းသွားမယ် ဘာလုပ်နေတာလဲ
ငါဗိုက်စာနေပြီ.. ''"ခနနေပါဦးကွ..''
ဘေးမှာ တစ်ခုခုကိုရေးနေတဲ့ ဂျီမင်ကို
ဗိုက်အရမ်းစာနေပြီဖြစ်သော ဟိုဆော့က
စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။"ဂျီမင်ဘာတွေရေးနေတာလဲကွာ..
အခုမှစာကြိုးစားနေတာလား""ရည်းစားစာရေးနေတာကွ.."
"ဘယ်သူ့ကိုပေးမလို့လဲ..''
"ကင်ထယ်ယောင်းကို"
"မင်းသူ့ကိုတကယ်ကြိုက်တာရော ဟုတ်ရဲ့လားကွာ"
"တကယ်ကြိုက်တာကွ..သူကအရမ်းချစ်စရာ
ကောင်းတယ်..သေတ္တာအပြုံးကြီးနဲ့''"Box smile လို့ပြောပါကွာ..ဘာသာမပြန်စမ်းနဲ့''
"ဟာ ဟိုမှာ ကင်ထယ်ယောင်းနဲ့ဂျွန်ဂျောင်ကု.."
"ဟမ်..ဘယ်မှာလဲ"
ဟိုဆော့စကားကြောင့် ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့
သူတို့အခန်းရှေ့ကနေဖြတ်သွားတဲ့
နှစ်ယောက်ကိုတွေ့လိုက်ရသည်။
ဟုတ်ပြီ အချိန်ကောင်းပဲ..
ဂျီမင် စာရွက်လေယာဉ်ပျံ ပုံစံခေါက်. တံခါးပေါက်နားကချောင်းပြီး
ထယ်ယောင်းရှေ့သို့ရောက်အောင်ပစ်
လိုက်သည်။သို့သော်ထိသွားသည်က
ဂျွန်ဂျောင်ကုပင်။"ဟာ..ဟျောင့် ဂျွန်ဂျောင်ကုဆီရောက်
သွားပြီ"
ဂျီမင်က တံခါးဘေးကချောင်းနေရင်း
ဘေးနားကဟိုဆော့ကိုခေါ်ကာ ပြောလိုက်သည်။"ပတ်ဂျီမင် မင်းကတော့လုပ်လိုက်တလွဲကြည့်ပဲ"
ဂျောင်ကုသူ့ရှေ့ကျလာသော စာရွက်ကို
ဖွင့်ကြည့်လိုက်တော့"ချစ်ရပါသော ထယ်
ကျွန်တော် ရည်းစားစာပေးတာပါ
စာတွေလည်းမသီကုံးတတ်ဘူး
ဘာမှလည်းမရေးတတ်လို့ အဓိကအကြောင်း
အရာပဲပြောလိုက်တော့မယ်
ကျွန်တော် ထယ့်ကိုချစ်တယ်..အဖြေပြန်ပေးနော်ထယ်ကိုချစ်ရပါသောမင်...
ဟား..ဘယ်လိုတွေတောင် အရေးကသား
ညံ့ရတာလဲ..''Jungkookနောက်သို့လှည့်ကြည့်လိုက်တော့
ဂျီမင်ကိုတွေ့လိုက်တာကြောင့်..သူသိလိုက်ပြီ
ဒီစာကဟိုကောင်လေး ထယ်ယောင်းကို
ပေးသည့်စာဖြစ်လောက်သည်။
ဂျောင်ကုတစ်ချက်ရီလိုက်တာ..မဲ့ပြုံးတစ်
ချက်ပြုံးလိုက်ပြီး သူတို့နောက်တွင်တွေ့သည့်ဆရာမကို
ပေးလိုက်သည်။
YOU ARE READING
"ရင်ခုန်သံနှောင်ကြိုး"[Completed]
Hayran Kurguအချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တောင် ရင်နာနာနဲ့ဆက်ချစ်နေခဲ့တဲ့အချစ်ရူးတစ်ယောက် ဖြစ်ခဲ့တယ်။ အချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တော...