"Jimin...jimin..ငါတောင်းပန်ပါတယ် ''
"ကျွန်တော့်လက်ကိုမကိုင်နဲ့လို့ခင်ဗျား
ပြောနေတယ်လေ...လွှတ်..''Jimin ရဲ့ဒေါသထွက်နေတဲ့အော်သံအဆုံး
ဂျောင်ကုကတော့ပြုံး၍သာနေသည်။
မင်းဒေါသထွက်နေတာ
အရမ်းချစ်ဖို့ကောင်းတယ်...မနက်နိုးနိုးချင်း ကျွန်တော့်ကိုတွန်းထုတ်ကာ
ချက်ချင်းပြန်မယ်လုပ်နေတာကြောင့်..
အမြန်ပြင်ဆင်ကာလိုက်ပို့ပေးရသည်။
မနက်ဖြန်သွားတော့မှာမို့..
တစ်ဖက်ကကားမောင်းရင် ..ကျန်တစ်ဖက်ကသူ့လက်လေးအားကိုင်တော့
ချက်ချင်းရုန်းပြီး..ကျွန်တော့်အား
အော်ပြောသည်။
ကျွန်တော်လည်း..လက်အားခပ်တင်းတင်း
ပြန်ဆွဲလိုက်ပြီး..ဖြူဖြူမို့မို့ဖောင်းဖောင်း
လက်ဖမိုးလေးအား..နှုတ်ခမ်းနှင့်အမြတ်တနိုး
နမ်းလိုက်သည်။ဂျောင်ကုနမ်းနေတုန်း ဂျီမင်ကလက်ကိုရုန်းကာ
ပြန်ဆွဲယူလိုက်တော့..ဂျောင်ကုကိုပါးရိုက်မိ
သလိုဖြစ်သွားသည်။"မုန်းတယ်.. ခင်ဗျား ကိုလည်းမုန်းတယ်..
ခင်ဗျား လုပ်သမျှခံနေရတဲ့ကျွန်တော့်ကိုယ်
ကျွန်တော်လည်း မသတီဘူး..ကျွန်တော့်လက်ကိုမကိုင်နဲ့
ခင်ဗျား ကရွံဖို့ကောင်းတယ်"သူ့ကိုပစ်ပစ်ခါခါပြောနေပေမယ့်လည်း..
ကျွန်တော့်ကို
ပြုံးပြီးသာကြည့်နေသည့် ဂျွန်ဂျောင်ကုကမုန်းဖို့ကောင်းလိုက်တာ။"ကိုယ်ဘယ်ကိုပို့ပေးရမလဲ.."
"စီနီယာ ထယ်ယောင်းရဲ့အိမ်ကို..
ခင်ဗျား ထိထားတဲ့ခန္ဓာကိုယ်ကိုရွံလို့..
စီနီယာထယ်ယောင်း နဲ့သွားအိပ်မလို့..""မင်းကဒေါသထွက်နေတာတောင်
ချစ်ဖို့ကောင်းတယ်..ထယ်ယောင်းကအခုချိန်
သူ့အိမ်မှာမရှိဘူး သူ့အဖေအိမ်ကိုပြန်အိပ်တယ်.."ကျွန်တော့်ပါးအားလက်ဖြင့်ဆွဲကာ ပြောလာတာကြောင့်..သူ့လက်ကိုဆွဲကာ
လက်ကောက်ဝတ်အားကုန်းကိုက်လိုက်သည်။ကျွန်တော်အားနဲ့ဖိကိုက်တာတောင်...
ဘာအော်သံမှမထွက်ဘဲ..ပြုံးကာကြည့်ပြန်သည်။
အား...ဒီလူကြီးတော့..
ကိုက်ပြီးပြန်လွှတ်လိုက်တော့..သူ့လက်မှာ
ကျွန်တော့်သွားရာအကွင်းလိုက်..
သွေးတောင်ထွက်နေသည်။
ဘယ်လိုပဲဖြစ်ဖြစ်မသနားဘူး...
YOU ARE READING
"ရင်ခုန်သံနှောင်ကြိုး"[Completed]
Fanficအချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တောင် ရင်နာနာနဲ့ဆက်ချစ်နေခဲ့တဲ့အချစ်ရူးတစ်ယောက် ဖြစ်ခဲ့တယ်။ အချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တော...