ဂျီမင်မသိမသာ ဂျောင်ကုတို့နားသွားပြီး
သစ်ပင်အကွယ်ကနေ ခိုးနားထောင်နေခဲ့သည်။"ဂျွန်ဂျောင်ကု"
"ငါနင်နဲ့ပြောစရာမရှိဘူးလို့ "
ဂျောင်ကုလှည့်ထွက်သွားရန်ပြင်လိုက်တော့"နင်ဘယ်ခြေလှမ်းတွေလှမ်းနေမှန်းငါသိတယ်
နင်ပတ်ဂျီမင်ကိုကြိုက်နေတယ်မလား..
နင်ငါ့က်ုသေချာပေါက်လက်ထပ်ရမယ် ဂျွန်ဂျောင်ကု ""ငါဘာသာငါဘယ်သူ့ကိုကြိုက်ကြိုက်
နင်နဲ့ဆိုင်လား..ငါ့အဖေနဲ့သိတယ်ဆိုပြီး
နေရာတကာ ငါ့ကိစ္စတွေဝင်မရှုပ်နဲ့..
မှတ်ထားလိုက် ငါအသေပဲခံလိုက်မယ်နင့်လိုလူမျိုးကို
လက်မထပ်ဘူး""ဟားဟား..ရမယ်များထင်နေလား..
နင်ပဲငါ့ကိုသိပ်ချစ်လှပါပြီဆိုပြီးလိုက်ခဲ့
တယ်မလား""အတိတ်ကဟာတွေက အတိတ်မှာကျန်ခဲ့ မင်ဆုမင်..နင့်လိုသစ္စာမရှိတဲ့မိန်းမ
တစ်ယောက်ကြောင့် ထယ်ယောင်းရောငါရော ခံခဲ့ပြီးပြီ..
အခုနောက်ပိုင်းနင်ငါ့တို့ကိုလာမထိန်းချုပ်နဲ့""တောက်စ်...ဂျွန်ဂျောင်ကု နင်ပတ်ဂျီမင်ကိုကြိုက်နေတယ်ဆိုတာ
ငါမသိဘူးထင်နေလား...အဲ့အကြောင်းသာ
ငါထယ်ယောင်းကိုသွားပြောလိုက်ရင်..ဟား
ဟား..နင်ငါ့ကိုသစ္စာမရှိတဲ့မိန်းမလို့
ပြောရအောင်
ငါကနင့်အမေလိုချူစားနေတာမဟုတ်ဘူး""ဘာဖြစ်လဲ ငါပတ်ဂျီမင်ကိုကြိုက်တော့..
ငါယောကျာ်း..ထယ်ယောင်းသိသွားလည်း
ငါဘာမှကြောက်နေမှာအဟုတ်ဘူး..
ငါသူတို့အချစ်ကိုလည်းမဖြိုခွဲဘူး..
သူတို့ကြားလည်းဝင်မရှုပ်ဘူး..ငါ့ဘာသာ
ငါနေတာပြီးတော့နောက်ဆုံးသတိပေး
လိုက်မယ်..ငါ့အမေကိုနောက်တစ်ခါအဲ့လို
ပြောလို့ကတော့ ယောကျာ်း ၊မိန်းမရွေးနေမှာမဟုတ်ဘူး..နင်သိထားဖို့က
ငယ်ငယ်ကသွေးခွဲတိုင်း ရန်ဖြစ်တတ်တဲ့
ထယ်ယောင်းနဲ့ငါက ကလေးမဟုတ်တော့ဘူး""တောက်စ်..ဂျွန်ဂျောင်ကု..နင်လည်းမြဲမြဲ
မှတ်ထား..နင်သိပ်ချစ်နေတဲ့ပတ်ဂျီမင်က
နင့်ကိုမချစ်ဘူး..နောက်ဆုံးကျရင်..နင်နဲ့ငါက
လက်ထပ်ရမှာပဲ"သူမကပြောပြီးတာနဲ့ထွက်သွားပြီး...
အနောက်ကဂျောင်ကုကတော့ဒေါသထွက်ကာ
ကျန်ခဲ့သည်။
ဂျောင်ကုထွက်ဒေါသထွက်နေတာကြောင့်
မျက်လုံးနီရဲကာ စူးရှနေသည်။
![](https://img.wattpad.com/cover/247808178-288-k587839.jpg)
YOU ARE READING
"ရင်ခုန်သံနှောင်ကြိုး"[Completed]
Fanficအချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တောင် ရင်နာနာနဲ့ဆက်ချစ်နေခဲ့တဲ့အချစ်ရူးတစ်ယောက် ဖြစ်ခဲ့တယ်။ အချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တော...