EP 3

14.1K 1.4K 83
                                    

လသာနေသည့်ညက ကဗျာဆန်စွာ
လှပလျက်။
ဂျီမင် စားကျက်စားပွဲရှေ့တွင်ထိုင်ကာ...
ပြတင်းပေါက်ကနေ ကောင်းကင် ပေါ်က
လကို
ငေးမောနေသည်။

ဟင်းးး

သက်ပြင်းတစ်ချက်ချလိုက်ပြီးတွေတောမိသည်။
ဘဝကပျင်းစရာကောင်းလိုက်တာ..
ငယ်ငယ်ကတည်းကပြည့်ပြည့်စုံစုံနဲ့ကြီးပြင်း
လာပြီး ဘာမှလုပ်စရာကိုင်စရာမရှိ ပျင်းဖို့
ကောင်းလွန်းတယ်။

ဟမ်...ဟိုက..

ဂျီမင်ပြတင်းပေါက်ကနေ အပြင်ငေးကြည့်ရင်း
မထင်မှတ်ဘဲလမ်းထောင့်နားက ရန်ဖြစ်နေသည့်
လူတစ်စုကိုသတိထားမိသွားသည်။

ဟူးး...သူတို့က အလကားနေရန်ဖြစ်နေကြတာပဲ
ဝါး...မိုက်လိုက်တာ တစ်ပတ်လည်ကန်ချက်တွေနဲ့။
သူတော်တော်တော်တာပဲ..
အိုအမ်ဂျီ... မိုက်တယ်ဟ..သူ့အတိုက်ခိုက်နဲ့ဆို
တိုက်ကွမ်ဒို ပြိုင်ပွဲတွေတောင် ဝင်ပြိုင်လို့ရတယ်။
အားကျလိုက်တာ..ဟမ်..နေဦး..

ဂျီမင်စားပွဲကိုလက်ထောက်ကာ
ထလိုက်ပြီး..ပိုပြီးမြင်ရအောင်
ပြတင်းပေါက်နားသို့ကုန်းကာကြည့်လိုက်သည်။

သူက..မင်ယွန်းဂီ မဟုတ်ဘူးလား..
ဟင့်အင်း..မဟုတ်သေးဘူး..ဂျွန်ဂျောင်ကုဟ။
ဘာလို့ရန်ဖြစ်နေတာပါလိမ့်...
သုံးယောက်တစ်ယောက်ချနေတာဟ..
သူ့ကိုသူဘာထင်နေတာတုန်းမသိဘူး..

ငါလည်းပျင်းနေတာနဲ့ ရန်ပွဲလေးဝင်ပါရင်
ကောင်းမလား..အကျောလျှော့တာပေါ့..

ဂျီမင် hoodie တစ်ထည်ကိုကောက်စွပ်ကာ
ပြတင်းပေါက်ကနေ ကျော်ကာခုန်ဆင်းလာခဲ့သည်။
ခုနကလူအုပ်စုရှိသည့် လမ်းထောင့်ချိုးနားသို့
ဟန်ပါပါနဲ့လျှောက်လာပြီး သိပ်မနီးမဝေး
နေရာသို့ရောက်တော့ သေချာပြန်ကြည့်လိုက်မှ
ကိုယ့်အခြေမနေကိုယ်သိလိုက်သည်။
ကိုယ်ကပုပုသေးသေး..ဟိုက လူကောင်ထွားထွား ဂျွန်ဂျောင်ကုကိုကြည့်တော့ သူပဲအထိုးခံနေရတာမို့ ကိုယ်သွားရင်.အထိုးခံရမှာသေချာတယ်။
ဂျွန်ဂျောင်ကု..ခင်ဗျား ဟာလေ..
ခုနကတော့ သူကြည့်ထိုးနေပြီး
ကျွန်တော်လာမှ
အထိုးခံနေရလား..သူ့ကိုကြည့်ရတာ
မူးနေသည့်ပုံပဲ..မူးပြီးရန်သွားရှာတာဖြစ်လောက်
မယ် ဟိုကအုပ်စုလိုက်ပြန်ဆော်နေပုံထောက်ရင်။

"ရင်ခုန်သံနှောင်ကြိုး"[Completed]Where stories live. Discover now