[Zawgyi]
Rမိမိရှေ့မှအနက်ရောင်ဝတ်စုံများနှင့်လူတစ်စုအား...
" မင်းတို့အားလုံးလူစုထားလိုက်...ပြီးတော့နောက်ကပဲစောင့်ကြည့်နေ...ပေါက်စလုံးဝရိပ်မိလို့မရဘူးနော်..."
" ဟုတ်ကဲ့.."
Rအမှန်ဆိုလျှင်ပေါက်စကိုယနေ့အပြင်ကိုလုံးဝထွက်မသွားစေချင်....
သို့သော်လည်းအကြောင်းအရင်းမေးလာလျှင်လဲမဖြေတတ်ချေ.....။မိမိစိတ်၏အနက်ရှိုင်းဆုံးတစ်နေရာကဆွဲထားသလိုပင်....။သို့သော်လည်း..ပေါက်စအားတားမရသည့်အဆုံးမိမိ၏လူများကိုသာစောင့်ကြည့်ခိုစထားခြင်း.....။
ပေါက်စကလည်လွန်အားကြီးတော့သိသွားမည်မှာအနှေးနဲ့အမြန်ပင်...
သို့သော်လည်းပေါက်စအားကာကွယ်ရမည်ဟူသောအတွေးတို့ကြောင့်လုပ်ရခြင်း.....။ထို့နောက်အိမ်ပေါ်မှဆင်းလာသည့်ပေါက်စ.....။
' အချိန်ကိုက်ပေမို့တော်သေးတယ်..´
" သွားတော့မလားပေါက်စ..."
" omm.."
မိမိအားပြုံးပြလာသည့်အလှဆုံးအပြုံးတစ်ပွင့်....။
နီညိုရောင်မျက်ဝန်းလေးကပြုံးလိုက်သည့်အခါမှေးမှိတ်သွားတတ်သည်....။မို့တက်သွားသည့်ပါးမို့လေးနှစ်ခုကြောင့်လဲRအသည်းယားမိပြန်သည်....။
***********************************
" ဒီနေ့ဟိုအကောင်Zအပြင်ထွက်ပြီတဲ့...ဟက်..ငါ့ရဲ့အကြံကိုအောင်မြင်အောင်လုပ်ပေးလိုက်တာပဲZ..နင်တို့အားလုံးအဆင်သင့်ပြင်ထား....ဒါပေမဲ့တစ်ခုတော့သိထားနော်...RလိုလူမျိုးကZကိုတစ်ယောက်ထဲလွှတ်မှာမဟုတ်ဘူး...အဲ့တော့သေချာဂရုစိုက်..ဒီနေ့လွန်လို့Zအကောင်အတိုင်းရှိနေသေးရင်နင်တို့သေရမယ်...."
" နားလည်ပါပြီ..."
'ဟား..ဟား..Zနင်သေလိုက်စမ်းပါ....နင်သေရင်ငါ့ဘဝကအေးချမ်းသွားပြီ...နင်မရှိတော့ရင်ငါကအပျော်ဆုံးလူသားဖြစ်လာတော့မှာ..ဘာလို့ဆို..နင်သေတာနဲ့RရောReရောကငါ့ကိုယုံလာပြီး..ငါ့ကိုသနားလာမှာ..ငါ့ဘက်ပါလာကြမှာ..ဟား..ဟား..သေ..သေလိုက်Z...´
![](https://img.wattpad.com/cover/243101251-288-k420231.jpg)
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...