( ) ဆောင်ကြာမြိုင်......
" လက်ထပ်မယ်..ဟုလား...မဖြစ်နိုင်ဘူး...သူ..သူ.မသေသေးဘူးလား...ပြီးတော့..မင်ဝမ်..မင်ဝမ်ဆိုတာငါ့အတွက်တသ်ဦးတည်းသောယုံကြည်ရတဲ့လူလေ...ရှင်..လာလိမ်နေတာမလား..ဟန်ရွယ်..သူသေပြီမလား!!"
( ) ဆောင်ကြာမြိုင်ထဲတွင် နူးညံ့လှပလွန်းသော်လည်း..မနာလိုမှု...တွန့်တိုမှုဆိုသည်တို့က.....ဖုံးကွယ်နေ၏......။
ထိုမိန်းမပျိုလေး၏...နာကျင်မှုတို့အားပိုမိုဆိုးလာစေရန်ပြုလုပ်နေသည့်အလား...ဘေးမှစကားသံတို့သည်...ထိုမိန်းကလေးအား...စိတ်ရူးပေါက်သွားစေသည်......။
မယုံကြည်နိုင်သောအတွေးတို့က..မိမိအားသစ္စာဖောက်သည်ဟုသာ။
ဟွာယောင်းထိုလူ၏ခါးတွင်ထိုးထားသောဓားတိုလေးအားဆွဲယူလိုက်၏.....။
" မင်းဘာလုပ်တာလဲ."
" သတ်ရမယ်...အစတည်းကသေလူဖြစ်နေပြီးသားလူကိုဘယ်လိုလုပ်အသက်ဆက်ရှင်ခွင့်ပေးမလဲ ....ကျွန်မပိုင်ဆိုင်ထားတာကိုဘယ်သူမှယူသွားခွင့်မရှိဘူး.."
" ဟုတ်တာပေါ့...မင်ဝမ်ကမင်းရဲ့လူ....မင်းပိုင်တာကိုပြန်ယူရမှာပေါ့...ဟားဟား...ဟား...ဟား.."
*************************
ဟန်ရွယ်နေရောင်ခြည်၏စူးရှမှုကမျက်လုံးကိုထိနေ၍နိုးလာခဲ့သည်....။
သို့သော်လည်း..တစ်ကိုယ်လုံးတွင်တော့စကားပြောရန်ပင်အားရှိ၍မနေခဲ့ချေ....။မိမိ၏လက်တစ်ဖက်မှခံစားလိုက်ရသောဆုပ်ကိုင်ထားမှုကြောင့်ဘေးကိုစောင်းငဲ့ကြည့်လိုက်လေသည်.....။
" မင်းကြီး......"
မိမိ၏လေသံလေးသည်ဘေးမှတိုးဝင်လာသည့်လေပြေများထက်သို့ပင်တိုးညှင်းနေလေသည်.....။
သို့သော်လည်း...မိမိဘေးမှထိုလူသည်.....
" အားရွယ်..အားရွယ်သတိရလာပြီလား.."
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...