Zawgyi
" သားတို့ဘာကိစ္စမုန်းနေတယ်ဆိုတာမေမေမသိပေမဲ့ မေမေ့အထင်
သားကကိုယ့်နှလုံးသားကိုညာချင်နေတာပဲ_"မေမေသည်သက်ပြင်းချ၍ဆိုလေသော်လည်း မိမိအကြည့်တို့သည်
မေမေ့ထံ၌ရှိမနေပေ..မဟုတ်လျှင် မိမိ၏အတွေးထဲ၌ဖြစ်သည်တို့ကို
မေမေသိနိုင်ပေမည်....' ကျွန်တော်ဒီဘဝတော့ ခင်ဗျားကိုလက်မခံရပါစေနဲ့..´
ဝေ့ဝဲလာသည့်မျက်ရည်စတို့ကြောင့် ငေးစိုက်ကြည့်နေမိသည်ပြတင်းပေါက်သည်ဝိုးတဝါးပင်...
ဆောင်းရာသီဖြစ်သည့်အပြင် အေးလွန်းသည့်လေစိမ်းတို့က ပြတင်းပေါက်မှတိုးဝင်လျက် ပါးပြင်ကိုနူးညံ့စွာရိုက်ခတ်လေသည်...အအေးရှိန်ကြောင့်ထင်သည်...တင်းခဲထားသည့်မျက်ရည်တို့ကပါးပြင်ပေါ်မှတဆင့် လက်ဝါးပြင်တွင်ရပ်တန့်၏...
မိမိထံမှမည်သည့်စကားမှထွက်မလာသည်မို့မေမေသည် အရှူံးပေးသည့်သူကဲ့သို့ တလူလူတိုက်နေသည့်လိုက်ကာအားပိတ်လိုက်ကာ တိုက်ခတ်နေသည့် လေတို့၏သွားရာဖြစ်သည့်ပြတင်းတံခါးကိုပိတ်ကာ ထွက်သွား၏....
သူမသွားရာတစ်လျှောက်လိုက်မကြည့်မိသော်လည်း 'ဒုန်းကနဲ´ပိတ်ကျသွားသည့်အသံကြောင့် အခန်းထဲတွင်မိမိတစ်ဦးတည်းသာရှိကြောင်းသိလိုက်ပြီဖြစ်သည်..ထိုအခါတွင်တော့ သိမ်းထားခဲ့သည့်မျက်ရည်တို့ကအတားအဆီးမဲ့စွာပင်......!!!
...........................................................
တစ်ချိန်တည်းတွင်ပင်!!
" ကျွန်မကိုအရင်လက်စားချေခွင့်ပေး!_"
ခပ်ပြတ်ပြတ်စကားကြောင့် Yuan ဟူသည့်ထိုသူသည် သူမ၏ကိုယ်ပေါ်၌ပြေးလွှားကာကျီစယ်နေသည်ကိုရပ်တန့်လိုက်သည်...
" နောက်မှဆက်ပြောလို့ရလား!?;"
ခွင့်တောင်းခြင်းလဲမဟုတ်သလိုသူမအားအမိန့်ပေးနေခြင်းလဲမဟုတ်......သူမနှင့်ရှိနေချိန်တွင်အရာအားလုံးမေ့ပျောက်ချင်ရုံသာ...မိမိလောဘကကြီးသွားသည်ထင်သည်...

YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...