Zawgyi
" မတွေ့တာကြာပြီနော်ကိုကို _"
Asteroနောက်ကျောဆီမှကြားရသည့်မိန်းမငယ်လေးအသံကြောင့်
သူမထံသို့လှည့်ကြည့်လိုက်သည်...ယခုမိမိရောက်နေသည့်နေရာသည် အရင်ကသူမမိမိအားဆက်သွယ်ပြီးတွေ့သည့်အချိန်ကပင်..
ထိုအချိန်ကသူမ၏နာကျင်စွာအော်ဟစ်လာပြီးနော်ဤနေရာသည်
ပျောက်ကွယ်သွားပြီးမိမိလဲမူလနေရာသို့ရောက်လာခဲ့သည်..မိမိသည်ယခုအချိန်မိမိရောက်ရှိနေသည့်အကြောင်းအရင်းနှင့်အရာအားလုံးနီးပါးအားမှတ်မိနေပေသည်..အရင်ကမိမိမည်သည်ကိုမှမမှတ်မိ၍မိမိအားသူမမိမိအားခေါ်နိုင်ပေသည်..တနည်း မိမိ၏အတွေးထဲ၌ဖြစ်သည်..
ယခုအချိန်သည်တော့ထိုနည်းကဲ့သို့မဟုတ်ပေ..သူမသည်မိမိ၏အတွေးထဲသို့ရောက်နေသည့်တိုင် ဤအရာအားလုံးသည်မိမိကိုယ်တိုင်ခွင့်ပြုထားခြင်းသာ..
သူမသည်လှပခြင်းနတ်ဘုရားမဟုမည်မျှပင်ဆိုစေကာမူ မိမိနှင့်သူမသည်ဆန့်ကျင့်ဘက်စွမ်းအားရှင်များသာ..ထို့အတွက်ကြောင့် သူမအစွမ်းသည်မိမိကိုတိုက်ခိုက်ရန်အထူးသဖြင့်မိမိအထိနာစေမည့်အကြောင်းအရာတို့အားအမှန်တကယ်ကိုမလုပ်နိုင်ပေ...
" မင်းငါ့ဆီထပ်လာပြန်ပြီလား??_"
" ကိုကိုက ညီမလေးရှိတဲ့နေရာရောက်နေတာပဲလေ _!ကိုကို့ကိုလာမတွေ့လို့ဘယ်သူ့ကိုသွားတွေ့ရမလဲ??_"
" ကျေးဇူးတင်ပါတယ် ဒါပေမဲ့အဲ့အချိန်တွေကပြီးခဲ့ပြီလေ အခုကမင်းကငါ့ညီမအဖြစ်နဲ့ရှိနေတာမဟုတ်ဘူး..ဒီတော့အခုလိုတွေတွေ့စရာမလိုဘူးမလား ??_"
" oh..သေချာတာပေါ့ _ဒါပေမဲ့လည်းမောင်နှမမဟုတ်တော့ရင်တောင်အခုချိန်ကစွမ်းအားတူတဲ့သူတွေအဖြစ်တည်ရှိနေတာပဲမဟုတ်လားကိုကို အယ်..Astero!!_"
" အခုတော့ဒီလောက်နဲ့နှုတ်ဆက်ကြတာပေါ့ _"
Asteroသူမကိုပြောပြီးနောက်တွင်တော့သူမ၏နောက်ဆက်ပြောလာမည့်စကားကိုပင်မစောင့်တော့ပဲလက်ကိုအနည်းငယ်ဝေ့လိုက်ပြီးသူမအရှေ့မှပျောက်ကွယ်စေလိုက်၏...
![](https://img.wattpad.com/cover/243101251-288-k420231.jpg)
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...