Zawgyi
" ခင်ဗျားသိပ်သတ္တိရှိနေတာပဲ ဒီနေရာအထိလိုက်လာတယ်ဆိုတော့_"
ခပ်အေးအေးသာဆိုသည့်စကားသံကမိမိရင်အစုံအားသံမှိုရိုက်နေသကဲ့သို့ပင် ..သို့သော်လည်း ထိုနတ်ဘုရားငယ်လေးသည်တော့ မိမိအားအနည်းငယ်မျှပင်လှည့်ကြည့်မနေခဲ့ပေ.... တစ်နေကိုငေးစိုက်ကြည့်လျှက်ပင် မိမိကိုကျောခိုင်းကာစကားကိုဆိုနေခြင်းသာဖြစ်သည်...
သေချာတာပေါ့ မိမိအရှေ့မှဤလူသားသည်မိမိကိုသေစေချင်သည့်အထိနာကျည်းနေသည်ကို_!
ထိုသူ၏နောက်ကျောကိုတွေ့ရုံနှင့်မျှ ထိုသူအပေါ်ရက်စက်ခဲ့သည့်မိမိပုံရိပ်ကိုနာကျင်စွာပြန်ပြန်မြင်နေရပြန်သည်....
" ကိုယ်တကယ်ကိုမရည်ရွယ်ခဲ့ပါဘူး_"
အစဆုံးမရှိထွက်လာသည့်ထိုစကားကိုတုန့်ဆိုင်းခြင်းအလျင်းမရှိဆိုလာသည့်သူက မိမိရှိသည့်ဘက်သို့ကြည့်လာလေသည်...
သေချာတာပေါ့ မိမိလွမ်းနေရသည့်မျက်ဝန်းတို့ နာကျင်စွာကြည့်နေသည့်ထိုသူက _!
" ခွင့်လွှတ်ဖို့ရောတန်တယ်ထင်ခဲ့တာလား?? တကယ်ဆိုဘာမှမဟုတ်တဲ့ဘဝလေးတစ်ခုတည်းဆိုပေမဲ့ နာကျင်ခဲ့ရတဲ့ကျွန်တော့်အဖို့ကအရူးလိုဖြစ်ခဲ့ရတာ နာကျင်စေခဲ့သူမှန်းသိရက်နဲ့ခင်ဗျားကိုကယ်တင်ဖို့ဆုံးဖြတ်ခဲ့တာ
အတတ်နိုင်ဆုံးတော့အရာရာကိုမေ့ပြီးခင်ဗျားအနားနေချင်ခဲ့တာ နောက်ဆုံးတော့ရခဲ့တာက မယုံကြည်မှုနဲ့မုန်းတီးမူကသာကျွန်တော့်ဆီမှာစွဲမြဲနေခဲ့တာ _ကျွန်တော်တစ်ကိုယ်ကောင်းဆန်ကြည့်ချင်တယ် _"တရစပ်ဆိုလာသည့်စကားသံကြောင့်ပြန်ပြောစရာစကားလုံးဟူ၍နည်းနည်းမျှပင်ရှာမတွေ့ချေ...ထိုသူသည်မိမိအားဤမျှနာကျင်ခဲ့ချေပြီလား??
" ကိုယ်!!_"
" ကျွန်တော့်အခုချိန်မှာအသိစိတ်အပြည့်ရှိမနေလို့ခင်ဗျားကိုမမုန်းဘူးဆိုပေမဲ့ သေချာပေါက်တော့အနားမှာရှိစေချင်တဲ့သူကခင်ဗျားမဟုတ်ဘူး
အစတည်းကရွေးချယ်မှုကခင်ဗျားနဲ့ဆန့်ကျင်ဘက်ကိုဖြစ်ခဲ့ပြီးပြီမို့ _"

YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...