Zawgyi
Tadatsuတို့ထမင်းစားသောက်ပြီးသည်နှင့် သုံးဦးသားထိုင်ကာ စကားပြောဆိုကြသည်...။
မိမိဖခင်သည်နှင့် သူ၏လွမ်းဆွတ်မှုတို့နှင့် သူမ တနည်းမိမိတို့မိခင်အပေါ်မည်မျှချစ်ကြောင်းကို မမောပန်းနိုင်စွာပြောဆိုနေခဲ့သည်.....။ထိုအရာကိုပြောဆိုနေချိန်တွင် သူ၏မျက်နှာပေါ်မှ သူမတူသည့်အပြုံးကိုကြည့်ပြီး မိမိနှင့်Arikaပါပြုံးမိသည်...။
ညနေစောင်းသည်နှင့် မိမိတို့ထိုလူကြီးအားနှုတ်ဆက်ကာ မိမိတို့နေရာတိုက်ခန်းသို့သာပြန်လာကြသည်....။
ပြန်လာစဉ်တစ်လျောက်လုံးတွင် မိမိအတွေးထဲ၌ ပန်းလာပို့သည့် သူကိုသာတွေးနေမိသည်...။
မူလဇာတ်ကြောင်းတွင်လဲ သူတို့မိခင်အကြောင်းမည်သူမျှမသိချေ...။
သူတို့သည် သူတို့ပရိတ်သတ်များကိုပင်ထိုအကြောင်းတို့အားသိခွင့်မပေးခဲ့ချေ...။ယခုမိမိရောက်သည့်အချိန်တွင်လဲ မည်သူမျှသိယောင်မပြကြချေ...။
သိသည်ဆိုလျှင်လဲ ဤကဲ့သို့ပန်းစည်းတစ်စည်းတည်းရောက်လာရန်အကြောင်းမရှိချေ....။" ဒါ ဖန်းမိန့်တို့ပို့တာဖြစ်နိုင်လား??_"
မိမိအတွေးတို့အားသိနေသည့်အလား ....မိမိတို့ဖခင်ဆီမှပြန်တည်းကတည်ရှိနေသည့်တိတ်ဆိတ်မှုအား ဖြိုခွဲကာမေးလာသည့်Arikaအားကြည့်၍မိမိခေါင်းခါလိုက်သည်...။" သူတို့ သိတာအခုမှမဟုတ်ဘူး ... ဒါကြောင့် အခုမှပို့စရာလဲမရှိဘူး!!!_"
ထိုအခါမှမိမိအဖြေအားသဘောတူသည့်နှယ် ခေါင်းငြိမ့်ပြလာသည်.. .ထို့နောက် ပြန်သည့်လမ်းတစ်လျောက် တိတ်ဆိတ်မှုကကြီးစိုးသွားပြန်သည်....။
ထိုအချိန်တွင် Tadatsu တစ်ယောက်သူ၏systemဖြင့်သာစကားပြောနေလိုက်တော့သည်..။
'အဲ့လူကိုစုံစမ်းပေးလို့ရလား De??_´
ထို့နောက်ပြန်ရလာသည့်အဖြေသည် မိမိမျော်လင့်ထားသကဲ့သို့ပင်.. ။
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...