Zawgyi
ယခုထိတိုင်အူငိုင်ငိုင်ထိုင်နေပြီးမိမိဘေးတွင်ထိုင်နေသူကိုတော့စကားနည်းနည်းပင်မပြောသေးချေ...အရှေ့မှဖွင့်ထားသည့်ရုပ်ရှင်တွင်အသိကရှိမနေပဲ ဘေးကသူကိုကြည့်လိုက် ကြမ်းပြင်တွင်နေရာယူထားသည့်မိမိနှင့်နီးစပ်နေသည့်ထိုသူ၏ခြေထောက်ကိုကြည့်လိုက်ဗျာများနေသည်....
ထိုသူအနားရှိလျှင်မတည်ငြိမ်တတ်သည့်အတွေးနှင့်ရင်ခုန်သံကိုမိမိသဘောမကျချေ...
" မေမေလှမ်းပြောတယ် သူ့သူငယ်ချင်းရဲ့တူလာမယ်ဆိုတာလေ"
မည်သူမျှစကားမဆိုပဲတိတ်ဆိတ်နေမည့်အတူတူတော့ မင်းခဦးဘက်ကသာဦးဆုံးဆိုလိုက်သည်...
ထိုအခါမှသာထိုတည်ငြိမ်လွန်းသည့်သူသည်မိမိကိုကြည့်ရင်းခေါင်းငြိမ့်ပြသည်...
" ဒါဆိုလဲအစ်ကိုနေမဲ့အခန်းကိုကျွန်တော်လိုက်ပြမယ်လေ ကျွန်တော့ကိုအိတ်ပေးလေ _"
" အာ ရတယ်ရတယ် ကိုယ်သယ်နိုင်ပါတယ် နေရာလေးပဲရှေ့ကပြလေးနော် _"
" ဟုတ် ဒီဘက်ကိုဗျ _"
အနက်ရောင်ကျောပိုးအိတ်အကြီးသာပါလာသည့်ထိုသူသည်ရိုးရှင်းလွန်းသည်.....မိမိကိုအရှေ့ကဦးဆောင်စေတာမို့ ထိုသူနေရမည့်မိမိနှင့်နီးသည့်အခန်းသို့ခေါ်သွားလိုက်သည်...
" ဒါအစ်ကို့အခန်း ဟိုရှေ့ကတော့ကျွန်တော့်အခန်း တစ်ခုခုကိုလိုရင်ပြောလို့ရတယ်နော် ကိုယ့်အိမ်လိုပဲသဘောထားပါ မေမေ့သူငယ်ချင်းတူဆိုတော့ ရင်းရင်းနှီးနှီးနေလို့ရပါတယ် _"
" ကိုယ်တို့လဲရင်းနှီးတာပဲလေ_"
လေတိုးသံလောက်သာကြားရသည့်စကားတစ်ချို့ကမိမိအားတစ်ခေါက်ပြန်လှည့်ကြည့်စေသည်....
" ဗျာ?!_"
" မဟုတ်ပါဘူး ကျေးဇူးတင်ပါတယ်လို့ပြောတာပါ.."
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...