Zawgyi
" ဘာလို့အဲ့ဒါတွေကငါ့ကိုအိပ်မက်လို့ထင်နေစေတာလဲ?? ပြီးတော့အခုငါမှတ်မိတဲ့အကြောင်းအရာကရောဘာလဲဘာအတွက်
ကြောင့်လဲ _"Asteroထိုစကားကိုဆိုနေသည်မှာအချိန်အတော်ကြာလေပြီ _သို့သော်လည်းထိုအတွက်အဖြေတို့ကမရေရာမှုများသာ...
" ခင်ဗျားလာပြန်ပြီလား??_"
မိမိစကားအဆုံးမှာတော့ ပေါ်လာသည့်ပုံရိပ်တစ်ခု..ထိုသူသည်ရယ်လျက်ဖြင့်မိမိအားစကားဆိုလေသည်..
" ကိုယ်မှန်းတောင်မင်းကသိနေပြီလား??_"
Asteroမပြောသော်လည်း စိတ်ထဲတွင်တော့
'ရူးနေတာလား? ခင်ဗျားရောက်လာတဲ့အချိန်နဲ့သူများရောက်လာတဲ့အချိန်ကကွာတယ်
လေ ´Asteroထိုသူရောက်သည့်အချိန်တိုင်းခံစားရသည့်နွေးထွေးမှုအား
တွေးမိခြင်းဖြစ်သည်.." ကိုယ်တောင်းပန်ပါတယ် _"
ထိုသူ၏အရင်းအမြစ်မရှိသောစကားအားခွန်းတုန့်ပြန်လိုက်၏..
" ဘာကိုတောင်းပန်တာလဲ ဘာအတွက်လဲ??_"
ထိုအခါတွင်တော့Lucas ဆိုသူသည့်ထိုပံရိပ်သည်ငြိမ်သက်သွားသည်....
မိမိကိုယ်တိုင်လဲမသိချေ..ဤအရာအားလုံးသည်မိမိနှင့်မဆိုင်သော်လည်း မိမိမဟုတ်သည့်မိမိကဤလူသားလေးအားနာကျင်စေခဲ့သည်မဟုတ်ပါလား?? ထိုအတွက်ကြောင့်တောင်းပန်ခြင်းလားဟုမေးလျှင်လဲမိမိအဖြေတို့အတွက်'No'ဆိုသောစကားသာ..
သို့သော်မည်သည့်အတွက်ကြောင့်လဲ??
"ခင်ဗျားရဲ့စကားအတွက်ခင်ဗျားကိုယ်တိုင်တောင်အဖြေမရှိတာကိုဘာကိုလာတောင်းပန်နေတာလဲ??_ "Asteroထိုသူ၏တောင်းပန်မှုအားမလိုချင်ပေ..ယခုတဖြေးဖြေးခံစားရနေသောမှတ်ဥာဏ်တစ်ချို့သည်မိမိ၏စမ်းသပ်ခံဘဝတစ်ခုပဲမဟုတ်ပါလား?? ထိုနေရာတွင်ကြုံတွေ့ခဲ့ရသောအကြောင်းတစ်ခုအားမိမိပြန်တွေး၍မည်သူကိုမျှမမုန်းချင်..သို့သော်လည်း အနည်းငယ်တော့ မိမိရှေ့တွင်ရှိနေသည့်ထိုသူကိုနားကျဉ်းမိပါသည်..
ထို့ပြင်သူမ_?
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...