Zawgyi...
ယနေ့ ဇာတ်လိုက်မနှင့်တွေ့ရမည့်နေ....။ဇာတ်လိုက်ပါရောက်လာမည်ဆိုလျှင်ဇာတ်လိုက်နှင့်ပါတွေ့တိုင်တယ်..။
မိမိ၏ရည်ရွယ်ချက်သည်တော့ Arikaအားဇာတ်လိုက်နှင့်မတွေ့စေရန် omm...သူမသည်ဇာတ်လိုက်နှင့်တွေ့ခဲ့မည်ဆိုလျှင်ပေါ့...အကယ်၍မတွေ့လျှင် သူမအားArikaနှင့်ရင်းနှီးစေမည်...။" မင်းတို့အဆင်သင့်ဖြစ်ပြီလား??_ကိုယ်တော့ရှေ့ကဆူညံသံတွေကို ဘယ်လိုမှနားမခံနိုင်တော့ဘူး_!"
" သေချာတာကတော့ သူတို့ရဲ့ဆူညံမှုတွေက Arikaအတွက်ပဲဖြစ်လိမ့်မယ် .._"
မိမိဝင်ပြောလိုက်ခြင်း....။မှန်သည်..မိမိသည်ဤကမ္ဘာ၏ဇာတ်လိုက်အားမမြင်ဖူးသေးသော်လည်း..Arikaသည် ဇာတ်လိုက်ကိုမမှီလျှင်တောင် ဇာတ်လိုက်ထက်တော့ မလျော့လောက်ပေသည့် ခန့်ညားမှုဖြင့်လူသားပင်...။
" သေချာတာပေါ့ ငါကမင်းအစ်ကိုပဲကို !!_"
မိမိပြောသည့်စကားတို့ကြောင့်မြောက်ကြွသွားသည့်ထိုလူသည်
မျက်နှာထက်၌အပြုံးတို့အား မိမိတို့စင်ပေါ်ရောက်သည်အထိ မပျောက်ကွယ်သေးချေ..။ထိုအခါ စင်အောက်မှArika၏ပရိတ်သတ်များ၏ဆူညံမှုကပို၍တိုးလာတော့သည်..။" Arikaမရယ်ပါနဲ့..ရှင့်အပြုံးတွေကြောင့် ကျွန်မနောက်နေ့တောင်ဆေးရုံကဆင်းနိုင်မှာမဟုတ်ဘူး!! "
စင်အောက်မှfan girlလေးတစ်ယောက် ၏အော်သံပင်..။မိမိကြည့်လိုက်သည့် အထဲတွင် မိန်းကလေးတော်တော်များများမှု အော်ရင်းဖြင့်သာအချိန်ကုန်နေကြသည်...သေချာတာပေါ့ နှုတ်ဖျားတွင်လည်း Arika၏နာမည်အားခေါ်ဖို့မမေ့ချေ...။
မိမိသတိထားမိသည့် တစ်ဦးတည်းသော သူလည်းရှိနေသည်..။သူမသည်တစ်ခြားသောfan girlတွေကဲ့သို့အော်ဟစ်မနေပဲ Arikaကိုသာတစိမ့်စိမ့်ကြည့်ကာ ပါးပြင်ထက်၌လည်းပန်းရောင်းသမ်းနေသည်...။
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...