Zawgyi
ထိုလူသည်လက်ကိုဝေ့လိုက်သည်နှင့် မိမိသည်တစ်နေရာသို့လွင့်မျောသွားပြီနောက်တွင်တော့ မှောင်ကျသွားသည်...
ထို့နောက်တွင်တော့တစ်နေရာကမှပြုတ်ကျသည့်ပုံစံဖြင့် ရေထဲ၌စိုးထိတ်မှုတို့ကပြည့်နေ၏.....
လက်ဖျောက်တီးသံတစ်ချက်ကနားထဲဝင်လာပြီးနောက်တွင်တော့
မိမိမျက်လုံးကပြန်ပွင့်လာသည်...မြင်ရသည်က မိမိဘေးတွင်ဝိုးဝန်းနေသည့်လူများ....ထိုလူတို့၏အာရုံသည် အရှေ့ဘက်မီးတောက်တစ်ခု၏ရှေ့တွင်သာ..
ထို့နောက်ခေါင်းထဲမှထိုးကိုက်လာမှုနှင့်အတူ မှတ်ဥာဏ်အချို့ကမိမိဆီသို့ရောက်လာသည်....
ဤကမ္ဘာသည် နတ်ဘုရားနှင့်လူသားတို့ကျင်လည်ရာပင်...
လူသားတို့သည်လည်း သာမန်ကဲ့သို့မဟုတ်ပေ...
နတ်ဘုရားတို့အားကိုးကွယ်သည့်လူမျိုးစု နတ်ဆိုးတို့အားကိုးကွယ်သည့်လူမျိုးစုနှင့် နတ်ဘုရားအဖြစ်လေ့ကျင့်သူလူမျိုးစုဟူ၍သုံးမျိုးရှိသည်...ဤကမ္ဘာ၏ဇာတ်လိုက်သည် Areius ဟုခေါ်သည့် စစ်နတ်ဘုရားဖြစ်သည်....နောက်ထပ်ဇာတ်လိုက်ကတော့ Mak ဟူသည့် ချမ်းသာခြင်းနတ်ဘုရား ထိုနတ်ဘုရားပေါ်မလာခင်က လူတို့ဟာချမ်းသာမှုမရှိကြဘူး ကမ္ဘာဦးနတ်ဘုရားက သူ့ရဲ့သွေးစက်တစ်ချို့နဲ့ လူသားတို့ထဲမှ ချမ်းသာခြင်းနတ်ဘုရား ကိုရွေးချယ်ခဲ့သည်.. ထိုကမ္ဘာတွင်နတ်ဘုရားတို့သည် နတ်ဘုရားကျင့်ကြံသည့်လူမျိုးစုထဲမှသာရရှိခြင်းဖြစ်သည်....
သို့သော်လည်း ကမ္ဘာဦနတ်ဘုရားသည် ထိုအယူဝါဒတို့ကိုလက်မခံ၍
တစ်ခြားမျိုးနွယ်စုမှလူသားအားရွေးချယ်ခဲ့သည်...ဤကမ္ဘာ၏ဗီလိန်သည် Amelia ဟူသည့် လှပခြင်းနတ်ဘုရားဖြစ်သည်..ထိုနတ်ဘုရားမသည် Areiusအားသဘောကျသည့်သူဖြစ်သည်...
ချမ်းသာခြင်းနတ်ဘုရား ပေါ်လာပြီးနောက်တွင်တော့ ထိုနတ်ဘုရားသည် ပြင်ဆင်မှုမရှိပဲရလာသူမို့ သူ၏ပြုမူလှုပ်ရှားမှုတို့တွင်လူသားဆန်မှုတို့ကပါဝင်နေလေသည်..စစ်နတ်ဘုရား သည်ရက်စက်ကြမ်းကြုတ်သူဖြစ်စေကာမူ Mak၏ လူသားဆန်မှုတို့ကိုတွေ့ပြီးသည့်နောက်တွင်တော့ ဓ၏စိတ်တို့သည်လုံးဝကိုပြောင်းလဲသွားသည် ထို့နောက်တော့ Mak အားသဘောကျလာခဲ့သည်...ထိုနောက်တွင်တော့ Ameliaသည် Makအားဒုက္ခပေးရန်ကြံစည်တော့သည် သို့သော်လည်း သူမမည်သည်တို့ကိုမှမလုပ်နိုင်သေးခင်ပင် Areiusနှင့် ကမ္ဘာဦးနတ်ဘုရား၏ပျက်စီးမှုကိုခံရလေသည်.....
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...