Real Life -13

1K 110 5
                                    

Zawgyi

ခြံဝန်းထဲရှိ လ​ရောင်​ဖြာဖြာကျ​နေသည့်​ဒန်း​ကို​ဖြေးညှင်းစွာလွှဲရင်း အ​​တွေးတို့​ရောက်​တက်​ရာရာပင်​...

တစ်​ခါတစ်​ခါတိုက်​ခတ်​လာသည့်​​လေကပါးကထိကာကျီစယ်​​နေသ​ယောင်​ ပါးနု​ပေါ်သို့အနမ်း​ချွေရင်း​ပြေးထွက်​သွားသည့်​​လေနု​အေးတို့က ထိုလူသားနှင့်​တူ​နေ​လေသည်​.....

လက်​ထဲတွင်​​တော့မီးကုန်​ခါနီး​ဆေးလိပ်​က အလင်း​ပျောက်​ကွယ်​စပြု​နေ၏...တစ်​ချက်​ရှိုက်​ဖွာလိုက်​လျှင်​ပင်​ပြာမှုန်​တို့က​မြေပြင်​တွင်​ငြိမ်​သက်​​လေသည်​...

ထိုအိမ်​မှပြန်​လာပြီးသည့်​အချိန်​ကစ၍ထိုလူသားသည်​မိမိအ​ပေါ်​အေးစက်​သွား၏..အချိန်​အ​တော်​ကြာမိမိ​အ​ရှေ့မှ​ပျောက်​ကွယ်​သွားပြီးသည့်​ထိုသူသည်​ နှုတ်​မှထွက်​လာသည်​က ​မေ့ခိုင်းသည့်​စကားသံသာ...

မိမိအတွက်​ထိုစကားကိုဆိုရန်မည်​သည်​မျှအချိန်​ယူခဲ့ရမှန်းထိုလူသားကသိပါ​လေစ...နာကျင်​သည်​ထက်​ဝမ်းနည်း၏...လျစ်​လျူရှူ့ခံရ၍ထိုသူအားနာကျည်းရမယ်​ကိုသိပါ​​သော်​လည်း နာကျည်းရမည့်​အစားထိုသူအားနားလည်​​နေသ​ယောင်​ပင်​....မိမိစကားကိုပင်​ဂရုမစိုက်​သည့်​အလားလှည့်​ထွက်​သွားသည့်​သူသည်​ မီိအ​ပေါ်​ပေးစရာနှလုံးသားဟူ၍ရှိ​နေမည့်​ပုံပင်​မ​ပေါ်​ချေ....

လက်​ထဲမှဖုန်းကိုထုတ်​လိုက်​ပြီးcontactထဲဝင်​​လေ​တော့နှစ်​ဦးမရှိသည့်​နာမည်​ကိုကြည့်​၍နှိပ်​ရန်​ပြင်​၏...

'တီ တီ _´

ထိုအသံအဆုံးတွင်​​တော့ မိမိအ​တောင့်​တဆုံး​သောအသံ​လေးကဆီးကြိုး​နေသည်​...

" Hello~~_´

တိုးညှင်းသည့်​အသံ​သေး​သေး​လေးပင်​.....အချိန်​ကိုကြည့်​​လေ​တော့ ညနှစ်​နာရီပင်​​ကျော်​​နေ​လေပြီ..အိပ်​​နေသည်​ကို​နှောက်​ယှက်​မိပြီထင်​သည်​.....ထိုတိုးညှင်းသည့်​အသံကပင်​မိမိကိုအလွမ်း​ပြေ​စေသည်​...

'အ​ကြောင်းအရင်းကို​သေချာမ​ပြောနိုင်​​ပေမဲ့ ကိုယ်​ရူးပြီထင်​ပါတယ်​မင်းကိုနာကျည်းရမဲ့အစား နားလည်​​ပေးနေတဲ့ကိုယ်​ကမဖြစ်​နိုင်​တဲ့ချစ်​ခြင်းကိုစတင်​မိတဲ့အပြစ်​များလား?_´

Devil System(U+Z)Where stories live. Discover now