ယနေ့...ဇာတ်လိုက်...မိမိအားမွေးစားရန်ကြိုးစားလျှင်....တတိယအကြိမ်ဖြစ်သည်....။
ထိုသို့ကြိုးစားမှုကိုမိမိသဘောကျသည်.....။
လူတိုင်းကလွယ်လွယ်ရတာဆိုတန်ဖိုးမထားချင်ကြဘူးတဲ့.....။
မူလဇာတ်လမ်းကလွယ်လွယ်ရခဲ့သည့်အတွက်....Sinအားသူမမြင်ခဲ့ခြင်း........။ထို့ကြောင့်လဲဇာတ်လိုက်မ၏နှိပ်စက်မှုတို့ကိုခံနေရသည့်Sinအားသတိမထားခဲ့မိချေ.....။
မိမိအံသြသည်......မိမိကိုချစ်နေသည့်လူတစ်ယောက်၏ချစ်ခြင်းတွေကိုမမြင်ရလောက်အောင်ဇာတ်လိုက်ကတုံးနေသည်လား....ဒါမှမဟုတ်Sinကိုယ်တိုင်ကဇာတ်လိုက်မြင်အောင်မပြတတ်ခဲ့တာလား.....ထိုသို့သောလျှို့ဝှက်မှုအား.....ဇာတ်လိုက်မကမည်သို့သိသနည်း.......။
ရိုးရှင်းပါသည်....ဇာတ်လိုက်ရဲ့မွေးစားမှုကိုခံထားရပြီးနောက်ပိုင်းငွေကြေးကသာအရေးကြီးသောဇာတ်လိုက်အဖို့တော့....Sinအားဂရုမစိုက်နိုင်ခဲ့ပေ.....။
ထိုအချိန်Sinဘာလုပ်ပါသလဲ.....။
သူလုပ်သည်ကမည်သူိ့ငုမှပြောမရသည့်သူ၏ခံစားမှုအားနားထောင်သူတစ်ဦးအား...ပြောပြရန်သာ......။သို့သော်လည်း.....မည်သူမှသူ့၏ခံစားချင်တို့အားနားထောင်မပေးချေ...။
ထို့အတွက်....ဒိုင်ယာရီစာအုပ်လေးသည်သာသူ၏အဖော်ဖြစ်ခဲ့သည်.....။
ကံကောင်းသည်လားကံဆိုးသည်လား.....ထိုနေ့ကဇာတ်လိုက်မအားအလုပ်နှင့်ပတ်သက်သောဖိုင်တစ်ချို့လာယူသည့်အချိန်....Sinသည်လည်းသူ၏ခံစားချက်ဒိုင်ယာရီလေးအားဇာတ်လိုက်ကိုပေးကာဖွင့်ပြောမည့်အချိန်........။
ဇာတ်လိုက်မသိလိုက်ရပဲ.....သိသွားသူကဇာတ်လိုက်မ.......။
နောက်ပိုင်းဇာတ်လိုက်မဘာလုပ်ပါမည်လဲ.....သူမလုပ်သည်ကSinကိုတိတ်တဆိတ်နှိပ်စက်ရန်သာ.....။
ရိုးအလွန်းသည့်Sinသည်ဇာတ်လိုက်မ၏နှိပ်စက်မှုအားမည်သူ့ကိုမှမပြောရဲခဲ့ချေ.....။
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...