Zawgyi
'အ့!!_´
ပါးစပ်မှသွေးစတို့သည် မိမိထိုင်နေသည့်ကြမ်းပြင်ပေါ်သို့ကျသွားပြီးနောက် ထိုရေခဲပြင်သည်မိမိ၏သွေးတို့အားစုပ်ယူသွားသည်..
" ဒါဘာဖြစ်ရတာလဲ??_"
အမှောင်ဒဏ်ကြီးစိုးနေသည့်နေရာသည်တဖြည်းဖြည်းမှေးမှိန်လာ၏..
ထို့ပြင် မိမိ၏စွမ်းအားသည်တဖြေးဖြေးလျော့နည်းလာဟန် နဂိုဆို
တစ်ခုခုကြောင့်ထိခိုက်ဒဏ်ရာရတိုင်းဤနေရာသည်ခနတဖြုတ်
အတွင်း မိမိ၏စွမ်းအားတို့အားတိုးတက်စေသည်..သို့သော်လည်း ယခုတွင်တော့ အရာရာကကွာခြားသွားဟန် မိမိ၏စွမ်းအားတို့ကတိုးတက်မလာပဲပို၍လျော့ကျသွားစေသည်.." မဖြစ်နိုင်ဘူး _ဝေါ့!;"
သူမသည်ရင်ဘတ်အားတင်းကျပ်စွာဆုပ်ကိုင်ထားရင်းပါးစပ်မှလည်း
သွေးတို့ကမရပ်တန့်ပဲအန်နေမိသည်...ထို့နောက်တွင်တော့ သူမဤနေရာတွင်ဆက်နေရန်မဖြစ်တော့ကြောင်းကိုသေချာသိလေပြီ
ဖြစ်တာကြောင့် လက်ကိုဖြေးညှင်းစွာဝေ့ရန်းလျက် မူလနေရာသို့ပြန်လည်ရောက်ရှိစေလိုက်တော့သည်...မိမိထိုနေရာသို့ရောက်သည်နှင့်မိမိအရှေ့မှသူမသည်တော့ စိုးရိမ်ကြီးစွာမေးလာသည့်အသံ...
" နင်..နင်ဘာဖြစ်တာလဲ?? ဘာဖြစ်တာလဲလို့ငါမေးနေတယ် Amelia!!_"
သူမတွင်တော့တစ်ဖက်မှမိမိနှင့်တစ်ပုံတည်းတူလှသည့်သူမ၏အမေးကိုပြန်၍ပင်မဖြေနိုင်တော့ချေ...
တဖြေးဖြေးအားယူပြီးနောက်တွင်တော့" ငါ ငါ့ကို ရေခဲအမှောင်စွမ်းအားကကုမပေးနိုင်တော့ဘူး_သူ သူကငါ့ကိုနာကျင်စေတယ် ဝေါ့_"
တစ်ဖက်မှသူမကိုပြောရင်းဖြင့်သည် ပါးစပ်မှသွေးတို့ကထပ်မံအန်လိုက်ပြန်၏...
Ameliaနှုတ်ခမ်းမှသွေးစတို့အားသုတ်လိုက်ပြီးနောက်တွင်တော့
မိမိ၏လက်သည် အောက်မှကြမ်းပြင်ကိုပင်ဖောက်၍မြင်နေရပြီဖြစ်သည်..
![](https://img.wattpad.com/cover/243101251-288-k420231.jpg)
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...