Zawgyi
ဤဘဝကြီးပြီးဆုံးသွားသည့်အခါဘယ်နေရာကမိမိအားစောင့်ကြိုနေ
မည်ကိုAsteroဆက်၍မတွေးချင်တော့ _!မည်သည့်အရာကမိမိအားစောင့်ကြိုနေပါစေ ထိုအရာသည်မိမိအားနာကျင်မှုထပ်၍ပေးနိုင်တော့မည်မဟုတ်ချေ..
နဂိုကဲ့သို့'အဆုံးသတ်ပြီ´ဟူသည့်ပြောပြပေးမည့်Deသည်လည်းမိမိအနားတွင်ရှိမနေခဲ့ပေ..သို့သော်အသိစိတ်ထဲတွင်တော့ဤကမ္ဘာသည်အဆုံးသတ်သွားပြီဖြစ်
ကြောင်းမိမိဦးနှောက်ကအသိပေးနေသေည်...Organပြောခဲ့ဖူးသည့်ခွင့်လွှတ်မှုဆိုသည့်အရာအားမေ့ပျောက်ပြီး
ထိုနေရာနှင့်အဝေးဆုံးကိုပြေးထွက်ကာတစ်ကိုယ်ကောင်းဆန်ကြည့်
ချင်သည်..အရာရာအစစ်အမှန်ဟုခံစားခဲ့ရပြီး နောက်ဆုံးတွင်သိခဲ့ရသည်ကထိုအရာတို့သည်ဒီအတိုင်းဖြတ်သန်းခဲ့ရသည့်သေးမွှားလွန်းသည့်မှတ်ဥာဏ်တစ်စိတ်တို့သာ...သို့သော်လည်း
ထိုအချိန်တွင်နာကျင်ခဲ့ရသည်မှာ မိမိတစ်ဘဝစာပင်_!အကယ်၍
မှတ်ဥာဏ်တို့သာပြန်မရခဲ့လျှင်မိမိ၏ဘဝသည်လူသားအဖြစ်နှင့်သေလိုက်ပြန်လည်မွေးဖွားလိုက်ဖြင့်သံသရာလည်နေမည်လား?! သို့မဟုတ် ယခုမိမိပျောက်ကွယ်သကဲ့သို့ ထိုဝိညာဉ်သည်လည်း
ထိုဘဝတစ်ခုကိုဖြတ်သန်းပြီးနောက်ပျောက်ကွယ်သွားမည်လား??_အရာရာအဆုံးသတ်သွားပြီဟူသည့်အသိနောက်တွင်တော့ မျက်လုံးကိုမှိတ်လျက်စိတ်ကိုလျော့ချလိုက်သည်..
နောက်ဆုံးတွင် ခန္ဓာကိုယ်သည်ပေါ့ပါးသွားသကဲ့သို့ မြောက်တက်သွားသည်...တစ်နေရာရာသို့လွင့်မျောသွားနေသည့်ဟန်.
အရာရာအမှောင်ကျသွားပြီဖြစ်သော်လည်း အသိစိတ်တို့ကတစ်နေရာရာကိုမိမိလွင့်မျောနေကြောင်းသိလေသည်_!
ဤအရာသည် အရာအားလုံး၏အဆုံးသတ်ပေပဲလား?? အနည်းဆုံးတော့ နာကျင်မှုသည်အလျင်းရှိမနေချေ.....
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...