Zawgyi
Ameliaမိမိ၏နာကျင်မှုကိုပျောက်စေရန် ရေခံယဲဂူ၌ပိတ်လှောင်ကာကျင့်ကြံရ၏..သို့သေည်ထိုအအေးဒဏ်သည်မိမိအားမထိခိုက်စေပဲမိမိ၏အစွမ်းကိုပို၍တိုးမြှင့်ပေးနိုင်သည်...
နတ်ဘုရားအဖြစ်ရှင်သန်လာသော်လည်း အမှောင်ဆန်သည့်ထိုအအေးဒဏ်သည်မိမိနှင့်အတူပေါ်လာသည့်တစ်ခုတည်းသောအရာပင် တစ်ခြားသောနတ်ဘုရားတို့ဤနေရာသို့လာလျှင်စွမ်အားဆုံးရှုံးကာပျက်စီးစေသော်လည်း မိမိအတွက်တော့ စွမ်းအားများကိုပို၍တိုးတက်စေနိုင်သည့်အစွမ်းရှိသည်....
သို့သော်လည်း ယခုတွင်တော့မိမိ၏နာကျင်မှုသည်တစ်ခုခုကိုလိုအပ်နေဟန် _
သူမမျက်လုံးအားဖွင့်လိုက်ပြီးနောက်
' Lindaဘာတွေလုပ်နေတာလဲ??_´
အတွေးထဲရောက်လာသည့်မိမိ၏ကိုယ်ပွားဖြစ်သည့်Linda၏
အတွေးတို့..ထို့ပြင်မိမိရှေ့ တနည်းမိမိမဟုတ်သည့်Lindaရှေ့တွင်ရပ်နေသည့်မျက်ဝန်းပြာတို့
ဖြင့်သူတစ်ဦး..ထို့ပြင်ထိုသူ၏ကိုယ်၌ထွက်ပေါ်နေသည့်အငွေ့အသက်တို့ ...'ထပ်ပြီးရွေးချယ်ခံရတဲ့လှပခြင်းနတ်ဘုရားကသူလား_!!´
အရာအားလုံးကိုလုပ်နေသည့်သူမှာသူမဟုတ်ပါသော်လည်း Lindaလုပ်ကိုင်သမျှအားမိမိလုပ်နေသကဲ့သို့ပင်..
'မှတ်ဥာဏ်ဖျောက်တာ??_´
သူမLinda၏လက်ထဲမှအပြာရင့်ရောင့်အငွေ့အသက်တစ်ချို့ကို
ကြည့်၍ Ameliaသက်ပြင်းချလိုက်ရ၏...ထို့နောက်မိမိသည်ပုံရိပ်ယောင်တစ်ခုအဖြစ်ပြောင်းကာ သူမထံသို့သွားလိုက်လေသည်..
" နင်ဘာလုပ်လိုက်တာလဲ Linda _"
"" Oh..နင်သက်သာသွားပြီလား?? _"
" ငါမေးတာကိုပဲဖြေပါ _"
" Okလေ..နင်မရှိတဲ့အချိန်ရုတ်တရက်ငါ့ရဲ့ခန္ဓာကိုယ်ကတစ်နေရာကိုရောက်သွားတယ် ငါကဖြစ်ပေါ်လာတာမကြာသေးဘူးဆိုပေမဲ့ နင်နဲ့Lucasရဲ့စွမ်းအားတစ်ချို့ကြောင့် ငါအားလုံးကိုသိနိုင်ခဲ့တယ် ဟက်..နင့်အစားစမ်းသပ်ခံဘဝကိုသွားရတယ်လေ သူတို့ကအရူးတွေလိုပဲ ငါကနင်မဟုတ်ဘူးဆိုတာကိုလုံးဝမသိကြဘူး
ဒါကြောင့် ငါသွားမဲ့အချိန်လူတစ်ယောက်ကိုတွေ့တယ် ဒါကြောင့်သူ့ကိုငါအပေးအယူတစ်ခုလုပ်လိုက်တယ် ပထမတော့အပျော်ဆိုပေမဲ့ နောက်တော့ ငါသိလိုက်ရတာက အဲ့လူက
နင့်နေရာ အဲ ငါလဲနင်ပဲဆိုတော့ ငါတို့နေရာကိုယူချင်တဲ့သူဖြစ်နေတယ်လေ ပြီးတော့ ငါLucasကိုသဘောကျတယ် သူကပါဘာလို့စမ်းသပ်ခံဘဝကိုရောက်သွားလဲငါမသိပေမဲ့ပေါ့ ငါသူ့ကိုသဘောကျတယ် ဒါပေမဲ့Lucasကအဲ့ကောင်ကိုသဘောကျတယ်လေ ဒါပေမဲ့Lucasရဲ့အမုန်းကိုရအောင်ငါလုပ်ပေးလိုက်တယ် _"
YOU ARE READING
Devil System(U+Z)
Science Fictionစက်ပညာတိုးတက်ခေတ်မှီလာသောအချိန်တစ်ခု.... လူသားများကိုယ်တိုင်ဝင်ရောက်ကစားနိုင်သောsystemကြီးဟာထိုအချိန်အခါကကျော်ကြားလေတယ်.... သို့ပေမဲ့....ထိုsystemထဲသို့ဝင်ရောက်ကစားသူတိုင်းကပြန်၍ထွက်မလာနိုင်ကြတော့ပေ... ဘာကြောင့်ပါလဲ...