Unicode;
တစ်လလောက်အကြာမှာ အခြေအနေတွေတည်ငြိမ်နေပြီလို့ ပြောလို့ရပြီဖြစ်သည်။
Taehyungမှာ အလုပ်တွေရှုပ်ပြီး သူ့ဆီမလာနိုင်တဲ့
Jungkookဆီကို ထွက်လာခဲ့သည်။Taehyungနဲ့
Jungkookအကြောင်းကို Companyတစ်ခုလုံးက သိထားတာကြောင့် Jungkookကို အကြောင်းမကြားခိုင်းပဲ ရုံးခန်းကိုတန်းဝင်လာခဲ့သည်။သူတစ်ယောက်လုံး ဝင်လာတာကိုတောင် မသိတဲ့
Jungkookဟာ အမှန်တကယ်ကို အလုပ်ရှုပ်
နေခဲ့ဟန်။" ဟေးး Jungkookie "
" ဟာ Hyung...ကျွန်တော့်ဆီလာတာလား? "
Taehyungကိုမော့ကြည့်ပြီး ဝမ်းပန်းတသာနဲ့ပြောလာတဲ့ Jungkookရယ်ပါ။Taehyungကတော့
Jungkookပေါင်ပေါ်ထိုင်ပြီး Jungkookရဲ့
ချွေးဆို့နေတဲ့ နှဖူးပြင်နဲ့နားထင်ကို အသာသုတ်ပေးနေမိသည်။" အရမ်းပင်ပန်းနေလား "
" ပင်ပန်းတယ် အခု အလုပ်တွေကအရမ်းရှုပ်နေတာ
စိတ်လဲညစ်တယ် Hyungဆီကိုလဲ မလာနိုင်ဘူး "" စိတ်မညစ်ပါနဲ့။မင်းက ငယ်သေးတယ်။အလုပ်တွေက
နောက်ပိုင်း ပိုရှုပ်လာဦးမှာ။ ဒါလောက်လေးနဲ့
မငြီးငြူနဲ့ဦး။ ငါ့တုန်းကလဲ ဒီလိုပါပဲ။ မင်းက ငါ့ရဲ့
အိမ်ထောင်ဦးစီးလုပ်မှာမလား? ပိုပိုကြိုးစား "" တကယ် Hyungကိုတွေ့လိုက်ရတာ ပင်ပန်းနေတာတွေ ပျောက်သွားတယ်။စိတ်လဲမညစ်တော့ဘူး။
Hyungက luckyလေး "" ဟုတ်ပါပြီကွာ keke
အာဒါနဲ့ Jaehwaဆိုတဲ့ မိန်းကလေးက ဂျပန်ကို
ထွက်သွားပြီဆို? "" အင်း ဟုတ်တယ်။စိတ်တော့မကောင်းပေမဲ့ ဒါကပဲပိုကောင်းပါတယ်။ "
" အင်းနော် အာ ငါ ဒီနေ့လာရတဲ့ အဓိက
အကြောင်းအရာကို ပြောဖို့မေ့တော့မလို့ "" ဘာမို့လို့လဲ ဒီအတိုင်း ကျွန်တော့်ကို တွေ့ဖို့လာတာ
မဟုတ်ဘူးလား? အခြားအကြောင်းအရာ ရှိသေးတာလား ပြောလေHyung "" အဲ့ဒါကလေ။ ငါလဲပြောရမှာရှက်တယ် ဟိုဟာကွာ "
အောက်နှုတ်ခမ်းကို ဖိကိုက်ကာ မျက်နှာလေးရဲလာတဲ့
Taehyungကြောင့် Jungkook ပိုသိချင်လာသည်။
![](https://img.wattpad.com/cover/221834595-288-k732315.jpg)