Unicode;
" Ha Jun yrr...ငါ ဝယ်စရာတွေရှိလို့ အပြင်သွားမလို့ လိုက်ခဲ့ဦး "
" ဒီမှာ ဂိမ်းဆော့နေတယ်လေဗျာ။ Hygက ကလေးလဲ
မဟုတ်ပဲနဲ့ "" မင်းလဲ ဝယ်စရာတွေရှိရင် ဝယ်ချင်မလားလို့
ခေါ်တာကွ စကားတွေရှည်မနေနဲ့ "" အဲ့ဒါဆို ကျွန်တော့်အတွက်..တွက် "
" မဝယ်ပေးဘူးကွာ။ သွားပြီ "
" Hyg!Hyg! မုန့်ဝယ်ခဲ့လို့ဆိုနေ "
Taehyung..နောက်က အော်ပြောတဲ့ ကောင်လေးရဲ့
အသံကိုကြားပါသည်။မနေနိုင်တော့လဲ သူပဲ ဝယ်လာပေးရဦးမှာပေါ့။* ညီအစ်ကိုနှစ်ယောက် အတူတူသွားချင်လို့ကို*
Taehyung ထွက်သွားတော့ Ha Junဆီ Jungkook ဖုန်းခေါ်လာသည်။
" ဘယ်သူလဲ ကွာ ဂိမ်းဆော့နေပါတယ်ဆိုမှ "
Phoneကိုကြည့်လိုက်တော့ Jungkook ဖြစ်နေတာ
ကြောင့် မကိုင်ဘဲ ဖုန်းကို ပစ်ချလိုက်သည်။
ဟိုနေ့ညကကိစ္စအတွက် Ha Jun...Jungkookကို
စကားမပြောချင်တာကြောင့်ဖြစ်သည်။ဂိမ်းကိုသာ အာရုံစိုက်ဆော့နေပေမဲ့လဲ ဆက်တိုက်လာနေတဲ့ ဖုန်းကြောင့် စိတ်ရှုပ်လာသည်။စက်ပိတ်လို့ရပေမဲ့လဲ သူငယ်ချင်းသံဟောဇဥ်ကြောင့် မနေနိုင်တော့ပါ။ ဆံပင်တွေကို ဆွဲဖွပြီး ဖုန်းကိုင်လိုက်တော့ တစ်ဖက်က ထွက်လာတဲ့ အသံကြီးကြောင့် နှာခေါင်းရှုံ့မိသည်။
" Ha Jun yrr "
" ဘာလဲ "
" တောင်းပန်ပါတယ်ကွာ "
" ကိုယ့်အပြစ်ကို သိသားပဲကွ "
" Moon Noonaနဲ့ ငါ ဘာမှမပတ်သတ်ဘူး။
ငါချစ်တာ Tae တစ်ယောက်တည်း "" ယုံချင်စရာကြီး "
" ငါ တကယ်ပြောနေတာ "
" မင်း ငါ့အစ်ကို ကို တကယ်မကစားနဲ့နော်။ ငါ့အစ်ကို
မျက်ရည်ကျတဲ့နေ့ မင်းသေပြီသာမှတ် "" မကစားပါဘူးကွာ "
ကစားဖို့နေနေသာသာ အနားကပ်ခွင့်တောင် မရ
အငြင်းခံထားရတာကို Jungkook တွေးမိပြန်သည်။" ဟေ့ကောင် ငါပြောနေတာ ကြားရဲ့လား "
" ဟင် ဘာ..ဘာပြောလိုက်တာ "