Unicode;
ဒီသုံးလေးရက်အတွင်းမှာ Taehyungရဲ့ အဖြေဟာ
ပိုသေချာနေခဲ့သည်။ Jungkookရဲ့ အချစ်ကို
သူလက်ခံတော့မည်။အတွေးတွေနဲ့အတူ Taehyungရဲ့ မျက်နှာလေးမှာ လူပျိုပေါက်လေးလို ရှက်ပြုံးလေး ပြုံးနေမိသည်။
အတွေးတွေကိုဖြတ်ကာ Taehyung...Jungkook
ဆီကို ဖုန်းခေါ်ကာ တွေ့မဲ့နေရာပြောပြီး ရေချိုးကာ
ကြည့်ကောင်းအောင် ပြင်ဆင်လိုက်သည်။သူ့ဆီက
ချိန်းဆိုမှုကြောင့် Jungkookရဲ့ အသံကရွှင်မြူးနေတာကို Taehyungသတိထားမိပါသည်။
မှန်ထဲက သူ့ပုံလေးကိုကြည့်ကာ
" Jeon Jungkookဆိုတဲ့ ကောင်လေးက ဒီလိုပုံလေး
ကိုကြိုက်တာကိုး "
Taehyungတစ်ယောက် ရယ်ပြီးခေါင်းတရမ်းရမ်းနဲ့
အောက်ထပ်ကိုဆင်းလာသည်။ရုံးဖွင့်ရက်
ဖြစ်သည့်အတွက် Hajunကတော့ အလုပ်သွားဖို့
ပြင်နေသည်။ Taehyungကို မြင်သွားတဲ့
Mr.Kimက
" Companyသွားမဲ့လူက ပြင်ထားလှချည်လား "
" အာ ဟုတ်သားပဲ။ကျွန်တော် Appaတို့ကိုမပြောရသေးဘူးပဲ။ဒီနေ့ ကျွန်တော် Companyမသွားဘူး
ချိန်းထားတာလေး ရှိလို့ "
" CEOတစ်ယောက်က အဲ့လိုလုပ်ရလား "
" ဒီနေ့တစ်ရက်ပါပဲ Omma။ နောက်နေ့တွေ
မဖြစ်စေရဘူး ဟီး "
" အင်းပါ အင်းပါ ဒါပေမဲ့ ပြန်လာရင် Ommaကို
ပြောပြရမယ်နော်။ ရွှင်မြူးနေတဲ့ မင်းမျက်နှာကြောင့်
Ommaသိချင်တယ် "
" Ommaကလဲ "
" Appa,Ommaနဲ့ Hyungတို့ ကျွန်တော် Companyသွားပြီနော် "
မိဘတွေနဲ့ အစ်ကိုဖြစ်သူကို နှုတ်ဆက်ပြီး ထွက်သွားတဲ့
Hajunကို လိုက်ကြည့်နေမိသည်။
" Taehyung မင်းလဲမသွားသေးဘူးလား "
" ဟုတ်ကဲ့ ကျွန်တော်လဲ သွားတော့မယ်။ ညနေမှ
တွေ့ကြမယ် "
Taehyungထွက်လာတော့ အချိန်က နာရီဝက်လောက်လိုသေးသည်။
" အာ ငါပဲစောရောက်နေမလားမသိဘူး "
ချိန်းထားတဲ့ နေရာကို ရောက်တော့ Taehyungအတွေးနဲ့တခြားစီ Jungkookမှာ
စောရောက်နေသည်။
![𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]](https://img.wattpad.com/cover/221834595-64-k732315.jpg)