Ep.2

11.6K 1K 49
                                    

Unicode;

Taehyung .companyမှာ စာရွက်စာတမ်းတွေနဲ့
အလုပ်ရှုပ်နေသည်။ဘေးက အတွင်းရေးမှူးမကလဲ
နားမခံနိုင်အောင် တစ်တွတ်တွတ်နဲ့ပြောနေသည်။

Taehyung နေလို့မကောင်းတော့တာကြောင့်
မျက်လုံးကို မှိတ်ပစ်လိုက်မိသည်။ဒါကိုမြင်တဲ့
အတွင်းရေးမှူးက

" ဆရာ...နေမကောင်းဘူးလား "

" အင်း...နည်းနည်းပင်ပန်းနေလို့ပါ "

" ဒီနေ့ အလုပ်တွေ များသွားလို့ဖြစ်မယ်။အခုလဲ လုပ်စရာ နည်းနည်းပဲ ကျန်တော့တာ အိမ်ပြန်လိုက်ပါလား "

" အင်း...ဒါဆို မနက်ဖြန်မှ လုပ်တော့မယ်။ ငါအိမ်ပြန်တော့မယ် "

" ကားမောင်းနိုင်ရဲ့လား ဆရာ "

" ရတယ် ရတယ် ငါသွားပြီ "

" ဟုတ်ကဲ့ "

Taehyung ကားရှိရာသို့ ဆင်းလာခဲ့သည်။
ဒီနေ့တော့ အိမ်ပြန်အနားယူတော့မည်။

ကားပေါ်ရောက်တော့လည်း မမောင်းချင်ပြန်။
ဒီတစ်ခေါက်တော့ driver မထားမိတာကို နောင်တပင်ရလာသည်။

အိမ်ရောက်ပြီး အိမ်ထဲဝင်မလို့ လုပ်နေတုန်း
အထဲမှ တဟားဟား ရီသံတွေကိုကြားလိုက်ရသည်။

" ကြည့်ရတာ အငယ်ကောင် သူငယ်ချင်းခေါ်လာတာထင်တယ်။ပင်ပန်းလို့ပြန်လာပါတယ်ဆိုစိတ်ရှုပ်လိုက်တာ "

Taehyung တစ်ကိုယ်တည်းကြားရုံပြောပြီး တံခါးဖွင့်လိုက်တော့ သူထင်ထားတဲ့အတိုင်း
သူ့ညီနဲ့ အခြားကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

maidတွေက taehyungဆီက အိတ်တွေကို ယူပြီး
taehyungအခန်းဆီကို တက်သွားသည်။

သူ့ညီကတော့ အံ့သြနေဟန်။ ဟုတ်မှာပေါ့။ သူကဘယ်တော့မှ အလုပ်ကနေ စောစောမပြန်တတ်တဲ့အပြင် ပိတ်ရက်တွေတောင်
ရုံးသွားနေတတ်တာကြောင့်ပင်။

" Hyung...ပြန်လာတာ အစောကြီးပဲ "

" အင်း နည်းနည်းပင်ပန်းနေလို့ "

" Hyg မိတ်ဆက်ပေးရဦးမယ်။ ဒါကျွန်တော့ သူငယ်ချင်း Jeon Jungkookတဲ့ ။ Jungkook
သူက ငါ့အစ်ကိုအရင်း Kim Taehyungတဲ့
ချောတယ်မလား ဟင်းဟင်း "

𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]Where stories live. Discover now