Unicode;
" ကဲ ဒီနေ့ကတော့ မုန့်လျှောက်စားကြမယ်ဟေ့ "
" မုန့်ဆို jin hygအသံက ရွှင်နေတာပဲနော် "
" Kim Taehyung တိတ်စမ်း "
" hygကလည်း "
Seok jin...Taehyungကို စိတ်ဆိုးနေသည်။
ပထမဆုံးညက မီးပုံပွဲလုပ်နေတာကို taehyungသည်
မလာဘဲ ပါလာတဲ့ အလုပ်ကို လုပ်နေတာကြောင့်ပင်။နောက်နေ့တွေ Taehyungက သူတို့နောက်လိုက်ပြီး
ပျော်ပေမဲ့ Seok jinကတော့ စိတ်ကောက်နေတုန်းဖြစ်သည်။Taehyungကတော့ သူ့အစ်ကိုနားကပ်ပြီး ချော့ရတာပေါ့။ ကြာတော့လဲ Seok jinမနေနိုင်တော့ပဲ
စိတ်ဆိုးပြေပါတော့သည်။သူတို့ ဒီတစ်ခါတော့ ပင်လယ်စာဆိုင်ကို ဝင်ကြသည်။
ရှေ့က ဆိုင်တွေဝင်ပြီး စားသောက်ကြပြီးပေမဲ့လဲ
စားလို့ဝင်ကြသေးသည်။" Taehyung အစပ်စားမလို့လား "
" ဟုတ်တယ်လေ Joon hygရဲ့ "
" Hygက စားနိုင်လို့လား "
" ငါ စားနိုင်ပါတယ်ဟ "
Taehyung အစပ်မစားနိုင်တာကိုသိတဲ့ Namjoonနဲ့ Hajunက အလန့်တကြားနဲ့
မေးလေသည်။" Taehyung Hygက အစပ်မစားနိုင်ဘူးလား "
" ငါ စားနိုင်ပါတယ်။ သူတို့ကအကဲပိုနေတာ "
Jungkookကပါ ဝင်မေးလာတော့Taehyung.. Namjoonနဲ့Hajunဘက်ကို မျက်စောင်းထိုးကာ
ပြန်ဖြေလိုက်သည်။" ကြည့်ကျပ် လုပ်နော် ဟင်းဟင်း "
" Jin hyg!! "
ကြားထဲ ဝင်ပြောတဲ့ Seokjinကိုလဲ Taehyung
စူပုတ်ပုတ်နဲ့ အော်လိုက်သည်။" ကဲ ကဲ ရောက်လာပြီ စားကြတော့ "
စစ စားတုန်းက သိပ်မစပ်သလိုပေမဲ့ နောက်ကျတော့ စပ်လာသည်။အစပ်မစားနိုင်တဲ့ Taehyung
မျက်နှာက နီလာသည်။ဖြစ်နိုင်ရင် ရေတွေမော့သောက်၊စတော်ဘယ်ရီဖျော်ရည်လေး မှာသောက်ချင်တာ။ အကြီးတွေဆီက
ပြောခံမှာလဲ စိုးသေး၊ အငယ်တွေရှေ့မှာလဲ
စတိုင်မပျက်ချင်တာကြောင့် ပုံစံမပျက်အောင်
အတင်းထိုးထည့်ပြီး စားနေရသည်။