Ep-12

7K 733 25
                                        

Unicode;

မနက်က Mrs.Jeonနဲ့စကား‌ပြောပြီးတည်းက Jungkookတစ်ယောက် အခန်းထဲမှာ နေကာ
ကျန်နေတဲ့ ရုံးအလုပ်တွေကိုလုပ်နေသည်။

တော်တော်ကြာလုပ်ပြီး ညောင်းညာတာကြောင့်
ခဏထပြီး အညောင်းပြေအောင် လုပ်နေတုန်း
တံခါးဖွင့်သံကြားလိုက်ရသည်။ဘယ်သူလဲ ကြည့်လိုက်တော့ သူငယ်ချင်းမ Jaehwaပင်။

သူ့ကိုနှုတ်ဆက်ပြီး ပြုံးပြလာသော Jaehwaကို
မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ အိမ်က
မိဘတွေတောင် သူ့အခန်းထဲဝင်ပြီဆို တံခါးခေါက်ရင်ခေါက် မဟုတ်ရင် အသံပေးနေကျကို ဘယ့်နှယ့်
မိန်းကလေးတစ်ယောက်က ဒီလိုမျိုးဝင်လာနိုင်သလဲ။

ဘယ်လောက်ပဲ ရင်းနှီးခဲ့တဲ့သူငယ်ချင်းဆိုဆို ဒီလိုအပြုအမူကို Jungkookသဘောမကျပေ။

" ဟေး Jungkook..အလုပ်တွေရှုပ်နေတာလား "

" ဒီလိုပါပဲ စကားပြောမယ်ဆို ခြံထဲသွားရအောင် "

" ဒီမှာလဲ အဆင်ပြေရဲ့နဲ့ နင်ကလဲ "

" ငါမပြေဘူး လိုက်ခဲ့ "

အရှေ့မှထွက်သွားတဲ့ Jungkookကို ကြည့်ပြီး
Jaehwa ဝမ်းနည်းရသည်။

* အဲ့လောက်သူများအထင်လွဲမှာ ကြောက်ရလား
Jungkookရယ် *

ခြံထဲရောက်တော့ Jaehwaက ဒန်းပေါ်မှာထိုင်ပြီး
Jungkookကတော့ မတ်တပ်ပဲရပ်နေသည်။
Jungkook မနက်က အမေဖြစ်သူကို မိန်းကလေးတွေနဲ့ မရှုပ်တော့ပါဘူးလို့ ကတိပေးပြီးတည်းက
အမေ အထင်လွဲစေမဲ့ ကိစ္စကိုမလုပ်ချင်တော့ပေ။
ရိုးရိုးသားသား မိန်းကလေးသူငယ်ချင်းနဲ့ အတူထိုင်တာလဲပါတာပေါ့။

" ဟဲ့ လာထိုင်လေ ဘာလို့ရပ်နေတာတုန်း "

" ရတယ် မထိုင်တော့ဘူး။ ‌ငါ မနက်တည်းက အလုပ်လုပ်နေတာမို့ ထိုင်တာများနေပြီ "

" ငါ့သူငယ်ချင်းက အလုပ်တွေကြိုးစားချက်ကွာ
နင့်ကိုရမဲ့ကောင်မလေးကတော့ ကံကောင်းတယ် "

" ငါ့ကိုရမဲ့ ကောင်မလေး "

" ဘာလို့လဲ "

Jaehwaပြောတဲ့အတိုင်း ခပ်တိုးတိုးရွတ်မိတာကို
Jaehwaက ကြားလိုက်သည်ထင် မေးလာခဲ့သည်။

𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]Where stories live. Discover now