Unicode;
Shinမိသားစုဆီသို့ Kimဘက်မှ လက်ထပ်ပွဲဖျက်သိမ်းကြောင်း စာပို့လာလေသည်။
Shinတို့သည် သမီးဖြစ်သူအတွက် စိတ်မကောင်းဖြစ်မိပေမဲ့ Kimတို့ဘက်မှ ကျိုးကျိုးနွံနွံတောင်းပန်ထားတာကြောင့် ဘာမှပြန်မပြောလိုတော့ပေ။
သမီးဖြစ်သူ Jiaရဲ့အကျင့်တွေကို သိထားတာကြောင့်
တစ်ဖက်က ဒီလို လက်ထပ်ပွဲဖျက်သိမ်းရသည်မှာ
Jiaကြောင့်ဖြစ်လိမ့်မည်လို့ တွေးမိတာကြောင့်လဲ
ပါလိမ့်မည်။Jiaမှာတော့ မိဘတွေနဲ့မတူစွာပင် ဒေါသတွေထွက်ကာ
သောင်းကျန်းလို့နေသည်။" ဘာလို့လဲ!!! Kim Taehyungက ဘာလို့ငါ့ကို
လက်မခံနိုင်တာလဲ!!!မဟုတ်...မဟုတ်မှလွဲရော
Jeon Jungkookနောက်ကို ပါသွားတာလား?
မရဘူး...မရဘူးနော် Kim Taehyungက ငါပိုင်ရမှာလို့!!! "အော်ဟစ်သံတွေနဲ့အတူ အိပ်ခန်းတွင်းက ပစ္စည်းတွေမှာလဲ ကွဲကြေပျက်စီးကာ ကြမ်းပြင်ပေါ်မှာပြန့်လျက်ဖြစ်သွားသည်။
ထိုအချိန်သူ့ဆူညံသံတွေကြောင့် စိုးရိမ်တကြီးဝင်လာတဲ့ Jaehwaကိုတွေ့တော့ Jia...Jaehwaဆီ
ပြေးသွားကာ..." Unnie ငါ့လက်ထပ်ပွဲပျက်ရတာ ရိုးရိုးမဟုတ်ဘူး
Jeon Jungkookကြောင့်ဖြစ်ရတာ။နင်ဘာလို့ Jeon Jungkookကို ရအောင်မယူနိုင်ရတာလဲ!!!
သူမရှိရင် အကုန်အဆင်ပြေနေပြီ နင်သိရဲ့လား!!!
"" အဲ့တော့ ငါ့အပြစ်ပေါ့လေ။ နင်ကိုက Kim Taehyungရှေ့ အချိုးပြေအောင်နေနိုင်လို့လား!!! "
" ငါ...ငါလဲမှားပါတယ် ကျေးဇူးပြုပြီး
Jeon Jungkookကို Kim Taehyungဆီက ဆွဲထုတ်သွားပေးပါ။သိပ်...သိပ်နောက်မကျသေးဘူးမလား။ ငါ့ကိုကူညီပါနော် ကူညီပါဟာ "ညီအစ်မနှစ်ယောက်လုံးဟာ မျက်ရည်တွေနဲ့ရယ်။
Jaehwa...Jiaကို ကူညီတယ်လို့ဆိုနိုင်လား မဆိုနိုင်လားမသိ။ နောက်ဆုံးအကြိမ် ထပ်ကြိုးစားဖို့
ဆုံးဖြတ်ပြီး Jungkookဆီသို့ထွက်လာခဲ့တော့သည်။Jaehwa...Jungkookအိမ်ရောက်တော့ ခြံထဲမှာ
Jungkookကိုတွေ့သည်။Jungkookက သူမကို
တွေ့တော့ မျက်နှာပျက်ယွင်းသွားသည်။...
Jungkookတစ်ယောက် ဒီနေ့ Taehyungသူ့အိမ်
လာမယ်ဆိုလို့ ခြံထဲဆင်းစောင့်နေစဉ် မမျှော်လင့်ထားတဲ့ Jaehwaကိုတွေ့လိုက်ရတာကြောင့် မျက်နှာ
ပျက်ယွင်းသွားရသည်။