Unicode;
ဒီနေ့က ရုံးပိတ်ရက်ဖြစ်ပေမဲ့ အလုပ်စပ်တူလုပ်မဲ့သူ
တစ်ဦးက အရေးတကြီးဆွေးနွေးစရာရှိတယ်ဆိုပြီး ဆက်သွယ်လာတာကြောင့် Taehyung
တစ်ယောက် ချိန်းထားတဲ့ နေရာကိုထွက်လာခဲ့သည်။
စောရောက်နေတာကြောင့် စတော်ဘယ်ရီကိတ်လေးနဲ့
နို့တစ်ခွက်မှာပြီး စားနေရင်း ထိုလူကို
ထိုင်စောင့်နေလိုက်သည်
ခဏကြာတော့ ရောက်လာတဲ့ထိုလူက
လူကြီးတစ်ယောက်မဟုတ်။
Taehyung အရွယ်ပင်။
" တောင်းပန်ပါတယ် Mr.Kim ကျွန်တော်နောက်ကျ
သွားတယ်။ ကိစ္စလေးတစ်ခုရှိနေလို့ပါ။ "
" ရပါတယ် ကျွန်တော်လဲ စောရောက်နေလို့ပါ။ တစ်ခုခုစားပြီးမှ အလုပ်အကြောင်းဆက်ပြောကြမလား "
" အရင်စားကြတာပေါ့ "
" ကျွန်တော်ကတော့ မုန့်မှာစားထားမိတယ်ဗျာ။
စိတ်မဆိုးဘူးမလား "
" စိတ်မဆိုးပါဘူးဗျာ ဟားဟား "
ဒီလိုနဲ့ တစ်နာရီကျော်ကျော်လောက် ကြာတော့
" ဒီလိုက အဆင်ပြေတယ်မလား "
နှစ်ယောက်သား ပြောဆိုနေကြတုန်း အော်ဟစ်နေတဲ့ ကောင်မလေးနှစ်ယောက် အသံကြားတာကြောင့်
နှစ်ယောက်လုံး ထိုနေရာကိုလှည့်ကြည့်မိလိုက်တော့
ကောင်မလေးနှစ်ယောက်နဲ့ကောင်လေးတစ်ယောက်
ပြသနာတက်နေပုံပင်။
သေချာကြည့်လိုက်မှ ထိုကောင်လေးက Jungkook
ဖြစ်နေသည်။ Taehyung အာရုံစိုက်ကြည့်နေမိချိန်
ကောင်မလေးတစ်ယောက်က Jungkookပါးကို
ရိုက်လိုက်တာကို တွေ့လိုက်တဲ့အခါ Taehyung
မတ်တပ်ရပ်လိုက်မိသည်။
ပြီးမှ အသိပြန်ဝင်ရင်း ပြန်ထိုင်လိုက်တော့
သူ့ရှေ့ကလူက မေးလာခဲ့သည်။
" Mr.Kimရဲ့ အသိလား "
" မ--မဟုတ်ပါဘူး။ ဒီအတိုင်းရုတ်တရက်ကြီးဆိုတော့ "
" အင်း ဒီလိုနေရာကို ဘယ်လိုအတန်းစားတွေ
လာနေတာလဲမသိဘူး။ တကယ်တမ်းက သူတို့လို လူတွေက ဒီနေရာတွေမှာ မရှိသင့်ဘူး "
" ဟုတ်--ဟုတ်တာပေါ့။ ပြောတာမှန်ပါတယ် "
တစ်ဖက်ကလူပြောတဲ့ စကားကိုမကျေနပ်သော်ငြား
Taehyungထောက်ခံမိသည်။တကယ်တမ်းလဲ
Jungkookဆိုတဲ့ ကောင်လေးဟာ အရင်လိုမလိမ္မာတော့ ပျက်စီးနေသလိုပင်။
![𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]](https://img.wattpad.com/cover/221834595-64-k732315.jpg)