Ep-8

6.7K 687 14
                                    

Unicode;

6 နှစ်အကြာ...

လေဆိပ်မှာTaehyungနဲ့ Seokjinတို့ နှစ်ယောက်
Namjoonပြန်အလာကို စောင့်နေကြသည်။

" Namjoon Hygတောင် ပြန်လာတော့မှာပဲ "

" သတိရနေတာလား "

" ဒါပေါ့ ကိုယ့်hygပဲဟာ ပြီးတော့ Hyg
ထွက်သွားတာ 3နှစ်လောက်ရှိနေပြီကို "

" ငါ့တုန်းကရော ? "

" Hyg ကိုလဲ သတိရခဲ့ပါတယ်ဗျာ။ Hygတို့ကလဲ
စီးပွါးရေးကိစ္စတွေမှာ ကျွမ်းနေပြီကို တကူးတက
နိုင်ငံရပ်ခြားသွားပြီး ထပ်သွားသင်ရတယ်လို့ "

" ပ ညာပိုတက်အောင်လို့ပါကွာ ။ မင်း ဦးလေးရဲ့
ခံယူချက်ပေါ့ "

" Hyg တို့ကလဲ လက်ခံတယ်မလား "

" လက်ခံလို့ပဲ ငါနဲ့ Namjoon နှစ်ယောက်လုံး 3နှစ်စီ
ဟိုကိုသွားရတာပေါ့ "

" ဟုတ်ပါပြီဗျာ "

" Jungkookတောင် ဒီနိုင်ငံက ထွက်သွားတာ
ကြာပြီနော်။ သူထွက်သွားပြီး သိပ်မကြာဘူး
ငါလဲ သွားရတာ "

* ဟုတ်ပါရဲ့  Jin hygပြောမှာ သတိရမိတယ်
Jungkook အဲ့ကလေး ထွက်သွားတာ ကြာလှရောပေါ့ *

" ရားးး ကြားလား ငါပြောနေတာကို Jungkookထွက်သွားတာကြာပြီလို့ "

" အော် အင်း ကြာပြီလေ ဒါနဲ့လေ အဲ့ကလေး အကြောင်းက ဘာလို့ပါလာပြန်လာတာလဲ "

" ရုတ်တရက်သတိရသွားလို့ပါကွာ ဘာဖြစ်ဖြစ်
အတိုင်းအတာတစ်ခုအထိတော့ ခင်ခဲ့ကြတာပဲမလား "

" အင်း Hyg မှန်ပါတယ် "

" ဟော ဟိုမှာ Namjoon ထွက်လာပြီ
Namjoon yah!! ငါတို့ ဒီမှာကွ "

Namjoonကို လက်ပြနေတဲ့ Seokjinကို ကြည့်ပြီး
Taehyung တစ်ချက်ရီလိုက်မိသည်။
ညီအစ်ကိုနှစ်ယောက် တော်တော်ချစ်ကြတာပဲ။

Taehyungလဲ Namjoonဆီ ပြေးသွားပြီး တင်းနေအောင် ဖက်ပစ်လိုက်သည်။ Namjoonကတော့
ရီလျက် ပြန်ဖက်သည်။ ညီအစ်ကိုတွေ ဝေးနေတာ
ကြာလှပေါ့။

ပြန်ဖို့လုပ်ကြတော့ Taehyungက သန့်စင်ခန်း
သွားချင်တာကြောင့် အကြီးနှစ်ယောက်ကို ပြောပြီး
သန့်စင်ခန်းဘက်ထွက်လာခဲ့သည်။

𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]Where stories live. Discover now