Unicode;
Jungkookတစ်ယောက် စိတ်မကောင်းအဖြစ်လွန်ပြီးဖျားလေသည်။ ပြောရမယ်ဆိုရင် အသဲကွဲတယ်ဆိုတာ
ပိုမှန်မည်။ အရင်တုန်းကလဲ အသဲမကွဲဖူးတာမဟုတ်။
Taehyungနဲ့ကျမှ ဒီလိုတွေပိုခံစားနေရခြင်းဖြစ်သည်။
ထိုအကြောင်းတွေကို ပြန်တွေးလေလေ Jungkookရင်တွေနာလှသည်။Taehyung သူ့ကို
သဘောကျလာအောင်လုပ်ပါမယ်၊ဆက်တွယ်ကပ်နေပါမယ်လို့ ပြောခဲ့ပေမဲ့လဲ အခုကတော့ သူ့မှာ
ဖုန်းနဲ့တောင် မဆက်သွယ်ရဲတဲ့အဖြစ်။
" Taeရေ ဒီကောင့်ကို လာကြည့်ပါဦး ဟင့် "
Jungkookရဲ့ ဆို့နင့်နေတဲ့ အသံကြီးကြောင့်
Mrs.Jeonမှာ စိုးရိမ်ပြီး အခန်းထဲပြေးဝင်လာသည်။
" သား နိုးနေပြီလား ငိုနေပြန်ပြီလားကွယ် "
" ကျွန်တော် တကယ်ချစ်တာပါ ommaရယ်
Taeကို တကယ်ချစ်တာပါ "
" သားရယ် ဟိုဘက်ကမှ သားကိုသဘောမကျတာ။
ငါ့သားက လူချောပါ။ မင်းကိုဝိုင်းနေတဲ့ သူတွေမှ ပေါများနေတာကို။ အဲ့ကောင်လေးကို မေ့လိုက်ပါကွယ် "
" ကျွန်တော့်နား ဘယ်သူတွေ ဝိုင်းဝိုင်းဗျာ။ Taeမှ မဟုတ်တာ "
" ပြောရခက်လိုက်တာ ခု အိပ်လိုက်တော့ ။ငိုထားလိုက်တာ မျက်လုံးတွေအစ်နေပြီ။ နေကောင်းတာလဲ မဟုတ်ဘူး အိပ်လိုက်တော့ "
" ဟင့် Taeရယ် "
Mrs.Jeonကတော့ တစ်ချက်ငဲ့ကြည့်ပြီး အခန်းပြင်သို့ ထွက်သွားတော့သည်။အောက်ထပ်ရောက်တော့
အိမ်တော်ထိန်းကြီးကို Kim Tae Hyungဆိုတဲ့
ကောင်လေးရဲ့ Ph numberကို ရှာကြည့်ခိုင်းသည်။
သိပ်တော့ မရှာလိုက်ရ။ နဂိုတည်းက
စီးပွါးရေးလောကတွင် အောင်မြင်မှုကြီးမားတာကြောင့် ဖြစ်သည်။
Taehyung အလုပ်လုပ်နေတုန်း ဖုန်းလာတာကြောင့်
ကြည့်လိုက်တော့ မသိတဲ့နံပါတ်ဖြစ်သည်။ အလုပ်ကိစ္စ
ဖြစ်နေမှာစိုးတာကြောင့် ဖုန်းကိုပြန်ဖြေလိုက်တော့
တစ်ဖက်က အသံက နူးညံ့သောအသံရှိတဲ့ အမျိုးသမီး
တစ်ယောက်ဖြစ်သည်။
~ Hello Kimလုပ်ငန်းစုက မန်နေဂျါချုပ်
Kim Tae Hyungဖြစ်ပါတယ် ~
~ အန်တီက Jeon လုပ်ငန်းစုက ဥဣဌကတော်
Jeon Jungkookရဲ့ အမေပါ ~
![𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]](https://img.wattpad.com/cover/221834595-64-k732315.jpg)