Unicode;
Jungkookတစ်ယောက် အိမ်ပြန်ရောက်လို့ ရေမိုးချိုး
ပြီးသည်အထိ မျက်နှာကြီးက ပြုံးဖြီးနေသည်။Taehyungက သူနဲ့နေ့လည်စား စားခဲ့သည်မလား။
ဒါဟာမထူးခြားပေမဲ့ Jungkookအတွက်ကတော့
ပျော်စရာတစ်ခုပင်။အနှောင့်အယှက်မ Jiaကိုတွေးမိပြန်တော့ ဒေါသကထွက်လာရပြန်သည်။
နေ့လည်က သူ့ရှေ့မှာ Taehyungကိုကပ်တွယ်နေလိုက်ပုံများ။ တစ်စစီသာ လုပ်ပစ်လိုက်ချင်သည်။
အကုသိုလ်များတဲ့ ထိုမိန်းမအကြောင်းကို ခေါင်းထဲကထုတ်ပြီး Taehyungမျက်နှာလေးကို စဉ်းစားလိုက်တော့ Jungkookမျက်နှာမှ အပြုံးတွေဖြစ်ပေါ်လာပြန်သည်။
အလုပ်ကပါလာတဲ့ ဖိုင်တွေကိုကိုင်ပြီး ပြုံးစိစိလုပ်နေတုန်း Ommaဖြစ်သူက ကော်ဖီတစ်ခွက်ကိုင်ပြီး
ဝင်လာသည်။
" Jungkook ဘာတွေပြုံးနေတာလဲ။ ပျော်စရာကိစ္စ
ရှိခဲ့တယ်နဲ့တူတယ် "
Mrs.Jeonရဲ့ အပြောကို Jungkookက သူ့ဆံပင်တွေကို ဆွဲဖွကာ ထောက်ခံသည်။
" အာ ဟုတ်တယ် ဟီးဟီး
" မင်း ကောင်မလေးရသွားပြီလား။ မြန်လိုက်တာ
ဟိုနေ့ကမှ Omma...မင်းကို ဆူထားတာ။
တကယ်ရောချစ်တာဟုတ်လို့လား "
" ဟာ Ommaကလဲ။ Ommaထင်တာတွေချည်း ပြောနေတာပဲ။ ကျွန်တော် ကောင်မလေးရနေတာလဲ
မဟုတ်ဘူး။ တကယ်ချစ်ရမဲ့သူကို တွေ့ခဲ့တာ
ပြီးတော့ ကောင်လေး၊ Ommaပြောသလို ကောင်မလေး မဟုတ်ဘူး "
" ဟေ ဟုတ်လား။ ဘယ်သူလဲဆိုတာ Omma သိလို့ရလား "
Jungkookတစ်ယောက် သူ့Ommaကို ပြောသင့်
မပြောသင့်တစ်ချက်စဉ်းစားပြီး နောက်ဆုံး ပြောပြရန်
ဆုံးဖြတ်လိုက်သည်။ Ommaက Jungkookကို
နားလည်ပေးမှာပါလေ။
" အင်း ကျွန်တော် ပြောပြမယ်။ Ommaလဲ
သိပြီးသားပါ။ Taehyung...Kim Taehyung "
" ဘာ! Taehyungဆိုတာ သားအရင်က ကြိုက်ခဲ့တဲ့
ကောင်လေးမလား။ သူ သားကို ငြင်းခဲ့တာလေ
" ဟုတ်တယ်။ ကျွန်တော် Hyungကို ချစ်နေတုန်းပဲ။
ဒီတစ်ခါတော့ Hyung ကျွန်တော့်ကို ပြန်ချစ်စေရမယ် ကျွန်တော်ကြိုးစားမယ် "
" အင်း သားကအဲ့လိုဆိုတော့လဲ Ommaမတားပါဘူး
အဆင်ပြေပါစေပေါ့ "
![𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]](https://img.wattpad.com/cover/221834595-64-k732315.jpg)