Unicode;
Taehyungတစ်ယောက် မနေ့က ကိစ္စကြောင့်
ရင်တွေခုန်နေတုန်းဖြစ်သည်။" မဟုတ်သေးပါဘူး ဒီကလေး ဘာတွေဖြစ်နေပြန်ပြီလဲ။သူ ငါ့အပေါ် ခံစားချက်မရှိတော့ဘူးမလား။
မဟုတ်မှ သူ့ကောင်မလေးနဲ့ ပြတ်သွားလို့ ငါ့ဘက်
လှည့်လာတာလား? "တစ်ဖက်ကလဲ ရင်တွေခုန်နေသလို နောက်တစ်ဖက်မှာလဲ Jungkookက သူ့ကိုကစားချင်နေတာလားလို့
တွေးမိကာ စိတ်ရှုပ်ရပြန်သည်။စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကို ဆွဲဖွနေမိချိန်
" Hyung ဘာဖြစ်နေတာလဲ "
" ဟင်.. ဘာ..ဘာမှမဖြစ်ပါဘူး။ ဘာကိစ္စရှိလို့လဲ "
" အောက်ထပ်မှာ Ommaက ကျွန်တော်တို့အတွက် နွားနို့တစ်ခွက်စီ ဖျော်ပေးထားတယ်။ ကျွန်တော်ကသောက်ပြီးပြီ။ Hyungလဲ အောက်ဆင်းပြီး သွားသောက်လိုက်ဦး။တော်ကြာ အမေက သူဖျော်ပေးထားတာမသောက်ရကောင်းလားဆိုပြီး စိတ်ကောက်နေဦးမယ်"
" အင်း အင်း သိပြီ သွားတော့လေ "
" ဟုတ် Hyung "
Hajunထွက်သွားမှ Taehyungလဲ အောက်ထပ်ကို
ဆင်းလာလိုက်သည်။ မီးဖိုချောင်ထဲကို ကြည့်တော့
ဘယ်သူမှမရှိ။ စားပွဲပေါ်မှာတော့ သူ့အတွက်
နွားနို့တစ်ခွက်ရှိနေသည်။ ခွက်ကိုကိုင်လိုက်ကာ
သူရယ်မိလိုက်သည်။ငယ်ငယ်တုန်းက Ommaက သူတို့ညီအစ်ကို ကိုယ်ခန္ဓာထွားအောင် နွားနို့နေ့တိုင်း
တိုက်နေကျ။ အသက်အရွယ်ကြီးလာမှသာ မလုပ်ပေးတော့တာ။ ခုလဲ ဘာစိတ်ကူးပေါက်လဲမသိ။နွားနို့ကအေးနေပြီ ဖြစ်တာကြောင့် ပူပူလေးဖြစ်အောင် နွှေးလိုက်သည်။ ခဏစောင့်နေတုန်း
ဗိုက်ထဲက အသံထွက်လာသည်။ မနက်က
Jungkookနဲ့ကိစ္စကို ရင်တွေခုန်ပြီး သိပ်မစားနိုင်ခဲ့တာ။ ခုတော့ ဗိုက်ဆာပြီပေါ့။ခဏကြာတော့ နွားနို့ခွက်လေးကိုင်ကာ ခြံထဲကို
ဆင်းခဲ့သည်။ ဒန်းပေါ်ထိုင်ရင်း စိုက်ထားတဲ့ ပန်းလှလှ
လေးတွေကို ထိုင်ကြည့်နေရင်း နွားနို့ကိုသောက်နေသည်။သာယာလိုက်တာ။ရာသီဥတုက အရမ်းကြီးပူမနေသလို
အရမ်းလဲ အေးမနေခဲ့။ဘေးပတ်ပတ်လည်က ပန်းရနံ့တွေကြောင့်လဲ စိတ်ကြည်နေမိသည်။