Unicode;
Taehyungမှာ အိမ်ပြန်ရောက်သည်အထိ Jungkookစကားတွေ နားထဲကမထွက်။ ရင်တွေခုန်လွန်းလို့ သေတော့မယ်လို့တောင် ထင်မိသည်။
Taehyung တိတ်တဆိတ်ဝန်ခံမိသည်။ သူ
Jungkookကို ချစ်နေပါသည်တဲ့လေ။အရင်က Taehyung..Jungkookကို မချစ်ခဲ့ပေ။
ခု သူ့ခံစားချက်တွေ ဘာကြောင့်ပြောင်းလဲလာတယ်
ဆိုတာ Taehyungကိုယ်တိုင်လဲ နားမလည်။
Jungkookဟာ ရင့်ကျက်လာဟန်ရှိတာကြောင့်လား...အခုထိ သူ့အပေါ်ကိုပဲ ထားရှိတဲ့ Jungkookအချစ်တွေကို အထင်ကြီးမိတာကြောင့်ပဲလား? ဘာအကြောင်းကြောင့်ဖြစ်ဖြစ် Taehyungကတော့ Jungkookရဲ့အချစ်တွေကို လက်ခံလိုက်ပါပြီ။
တကယ့် တကယ်တမ်းကျ သူ့အဖြေကို
Jungkookသိအောင် ဖွင့်ပြောနိုင်ပါ့မလား။
Taehyungဟာ သူ့မှာ စေ့စပ်ရမဲ့ မိန်းကလေးရှိနေပြီး ဖြစ်သလို မိဘတွေကိုလဲ ဒီအကြောင်းတွေ
ဖွင့်ပြောနိုင်မလားဆိုတာ မရေရာပါ။
အသက် 30ကျော်တောင် သူ့အချစ်က လျောလျော
လျူလျူမရှိ။ အရမ်းခက်ခဲသည်။
" ဒီလိုတွေဖြစ်မယ်မှန်းသိရင် လွန်ခဲ့တဲ့6နှစ်တည်းက Jungkookဖွင့်ပြောတာကို လက်ခံခဲ့ပါတယ်ကွာ
ဟူး "
Taehyung ညည်းညူပြီး ရေချိုးဖို့သာ လုပ်တော့သည်။ သူအရမ်းပင်ပန်းနေပြီလေ။
.
.
.
မနက်ရောက်တော့ Jiaက မုန့်ဘူးကြီးနဲ့ အိမ်ကို
ရောက်လာသည်။ Taehyungက Jiaရဲ့ပုံစံမှန်ကို
သိပြီးသူဖြစ်တာကြောင့် နဂိုကထက်ပိုပြီး အေးစက်စက်သာဆက်ဆံမိသည်။
Jiaမှာတော့ ဒီအခြေအနေကို သဘောမကျ။
Taehyungနားကို အတင်းလိုက်ကပ်နေသည်။
သို့ပေမဲ့ Taehyungက အိမ်အပေါ်ထပ်တက်သွား
တာကြောင့် Jiaတစ်ယောက် စူပုပ်ပြီးသာ
ကျန်နေခဲ့ရသည်။
" ဘာလို့ Oppaက အရင်ကထပ် ပိုပြီးအေးစက်သွားတာလဲ။ ဟိုနေ့က Jeon Jungkookကို ရိုင်းရိုင်း
ဆက်ဆံလိုက်လို့များလား။ အဲ့အတွက်လဲ ငါစာတွေပို့ထားပြီးပြီကို။ ဘာတွေလဲဟာ "
Jia မျက်နှာမအီမသာနဲ့ ပါးစပ်ကလဲ ပွစိပွစိရွတ်နေမိသည်။
" သမီး Jia နေမကောင်းဘူးလား။ မျက်နှာလဲ မကောင်းဘူး။ "
![𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]](https://img.wattpad.com/cover/221834595-64-k732315.jpg)