Unicode;
ဒီနေ့ ရုံးဖွင့်ရက်ဖြစ်တာကြောင့် Taehyungအလုပ်သွားဖို့ပြင်နေချိန် သူနဲ့စေ့စပ်ရမဲ့ မိန်းကလေး
Jiaထံမှ ဖုန်းဝင်လာခဲ့သည်။
" Hello Jia Ssi "
" Taehyung Oppaကလဲ အဲ့လိုကြီး ယဉ်ယဉ်ကျေးကျေး ပြောဖို့မလိုပါဘူး။ ရင်းရင်းနှီးနှီးပဲ ပြောပါ "
" အော် ဟုတ်ပါပြီ။ အခု ဘာကိစ္စရှိလို့လဲ မသိဘူး "
" ဒီနေ့ Jia shoppingထွက်ချင်လို့လေ။
Jaehwa Unnieကိုလိုက်ခဲ့ဖို့ အဖော်စပ်တာ
အဆင်မပြေလို့ တစ်ယောက်တည်းလဲ မသွားချင်တာနဲ့
Taehyung Oppaကို လိုက်ပေးပါလားလို့ ပြောမလို့ပါ "
" အာ အဲ့ဒါကလေ ဒီနေ့က ကျွန်တော် Company
သွားရမှာမို့လို့ အဆင်မပြေလောက်ဘူးဗျ။ "
" အဆင်မပြေဘူးလား။ Jiaလဲ စိတ်ညစ်ပါတယ်နော်
ဘယ်တတ်နိုင်ပါ့မလဲ အဆင်မှမပြေတာ။ ရပါတယ်
ကိုယ့်ဘာသာပဲ သွားလိုက်ပါ့မယ်။ ဟင်း ပျင်းစရာကြီး
ဖြစ်နေမှာ "
တစ်ဖက်မှ သူမအဆင်မပြေတာကို ညည်းပြနေတဲ့ Jia
ကြောင့် Taehyungလဲ မနေသာတော့။ အားနာလာတာကြောင့် လိုက်ပေးဖို့လုပ်ရတော့သည်။
" အဲ့ဒါဆိုလဲ ကျွန်တော်လိုက်ပေးပါ့မယ်။ အခုကတော့ အဆင်မပြေတာကြောင့် 12နာရီလောက် ဆုံကြမယ်လေ။ "
" အဆင်ပြေတာပေါ့ တစ်ခါတည်း ထမင်းအတူစားရအောင် "
" အင်း အင်းပေါ့။ "
" ကျေးဇူးတင်လိုက်တာ ဒါဆို Jiaဖုန်းချလိုက်တော့မယ်နော် "
" ဟုတ်ကဲ့ပါ "
ဖုန်းချပြီးတာနဲ့ Taehyungလဲ ကုတင်ပေါ်ထိုင်ချလိုက်သည်။ ဒီနေ့လဲ သွားတွေ့ရဦးမည်ပေါ့။
Jiaဘက်မှ တွေ့ဖို့စခေါ်တာ တတိယအကြိမ်မြောက်။
Taehyungက Jiaနဲ့ ရင်းရင်းနှီးနှီးမရှိသေးပေ။ Jiaကတော့ နှစ်ခါပဲတွေ့ဖူးသေးပေမဲ့ သူ့ကိုရင်းရင်းနှီးနှီးပဲ ဆက်ဆံသည်။
" ကောင်မလေးက ရဲတင်းလိုက်တာ "
Taehyung သူကြားရုံမျှ ရွတ်ပြီး Companyကို
သွားရတော့သည်။
...
" Jia စောနက နင် Kim Taehyungနဲ့ ဖုန်းပြောနေတာလား "
![𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]](https://img.wattpad.com/cover/221834595-64-k732315.jpg)