Unicode;
Taehyung ပိတ်ရက်တွေကို အလုပ်မသွားတော့တာ ကြာပြီ။ အရင်က အလုပ်ချည်းကုန်းရုန်း
လုပ်နေတဲ့ သူ့ကို omma နဲ့ HaJunက ပြောထားတာကြောင့်ဖြစ်သည်။သာမာန်ဆို သူဂရုမစိုက်ပဲ
နေမိမှာပေမဲ့ ဒီတစ်ခါတော့ သူ့အဖေပါ ဝင်ပြောလာတာကြောင့်ပင်။
ဒါကြောင့် ဒီနေ့ စောစောမထသေးပဲ အိပ်နေသည်မှာ
သူ့Ommaလာနှိုးမှ နိုးတော့သည်။
" Taehyungရေ ထတော့ "
" ဟာ ommaကလဲ ရိုးရိုးနှိုးပါ။ ဘာလို့ဖင်ကို
ရိုက်ပြီးနှိုးရတာလဲ။ "
" အံမယ် ommaက ကိုယ့်သားဖင်ကိုပုတ်တာပဲ
ဘာဖြစ်လို့တုန်း။ နာအောင် ရိုက်တာလဲ မဟုတ်ဘူး
ပုတ်ရုံပုတ်တာကို။ သူ့ဖင်ကို အထိမခံဖြစ်နေတာ "
" ommaကလဲဗျာ ဘာတွေပြောနေမှန်းလဲ မသိဘူး "
Taehyung စူပုတ်ပုတ်မျက်နှာနဲ့ ပြန်ပြောပြီး
ရေချိုးခန်းထဲ ဝင်ဖို့လုပ်တော့သည်။
Taehyung ommaကတော့ ရီလျက်သာ။
" အော် ဟဲ့ မေ့လို့။ အမေလာနှိုးတာက ဒီနေ့အမေတို့သွားစရာရှိလို့Taehyungရဲ့ "
ရေချိုးခန်းထဲ ရောက်နေပြီဖြစ်တဲ့ Taehyungက
သူ့ommaစကားသံကြောင့် အပြင်ပြန်ထွက်လာသည်။
" ဘယ်ကိုလဲ ကြိုလဲမပြောကြဘူး "
" ဒီနေ့ ommaတို့ တစ်မိသားစုလုံး စုံကြမှာလေ။
မိသားစု တွေ့ဆုံပွဲပေါ့ "
" အော် ရှုပ်ရှုပ်ရှက်ရှက် "
" တယ် ဒီကောင်လေးကတော့ ငါရိုက်လိုက်ရ။ သွား
မြန်မြန်ပြင်တော့ "
" ဟုတ်ကဲ့ပါဗျာ "
Taehyung ပြင်ဆင်ပြီး အောက်ကိုဆင်းလာသည်။
မနက်စာ စားပြီးသည်ထိ အငယ်ကောင်က ဆင်းမလာတာကြောင့်...
" ommaတို့သားက ကြာလိုက်တာ ဘာတွေလုပ်နေလဲ မသိဘူး "
" သူလဲ ပြင် အော် ဆင်းလာပြီပဲ "
Taehyungတို့ သားအမိပြောနေတာမှ မဆုံးသေး
Ha Junက ဆင်းလာလေသည်။
" ဒီတစ်ခါတော့ သပ်သပ်ရပ်ရပ်ပါလား "
" အဖေရာ အဖေ့မိသားစုအကြောင်းလဲ သိရဲ့သားနဲ့။
မနှစ်က နေမကောင်းလို့ ကောင်းကောင်းမဝတ်သွားနိုင်
တာကို ဘယ်လောက်အပြောခံလိုက်ရလဲ။ ကျွန်တော်
ထပ်ပြီးတော့ အပြောမခံနိုင်ပါဘူး "
![𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]](https://img.wattpad.com/cover/221834595-64-k732315.jpg)