Unicode;
အခုတလောJungkook...Taehyungတို့အိမ်ကို
ခဏခဏလာသည်။ လာတိုင်းလဲ Taehyungကို
မတွေ့လို့ ရှာရတာအမော။
Taehyungကိုမတွေ့ရသည်က များသည်။
Taehyungက အချိန်ပြည့် အလုပ်မှာနေတာ။
Jungkookဘယ်တွေ့မလဲ။
သေချာမသိတဲ့Jungkookကတော့ Taehyungအိမ်ကို လာမြဲပင်။
" Hygကိုလဲ မတွေ့ဘူးနော် "
" အလုပ်သွားတယ်လေ "
" ပိတ်ရက်ကြီးကို "
" အေး ငါလဲ သူ့ကိုနားဖို့ပြောတာပဲ။ နားမထောင်ပါဘူးကွာ။ သူ့သဘောအတိုင်း သွားနေတာပဲ။ကဲ ကဲ
အထုတ်တွေ ဟိုပေါ်တင်ထားလိုက် "
" အင်း။ "
Jungkook အထုတ်တွေတင်ပြီးတာနဲ့
" ငါတို့ညနေ သွားကြမှာ သူ့ကိုပြောထားလား "
" မပြောထားဘူး။ ကြိုပြောရင် ငြင်းမှာကွ။ နီးမှကပ်ပြောပြီး အတင်းဆွဲခေါ်သွားမယ်။ သူ့ခရီးဆောင်အိတ်လဲပြင်ပြီးပြီ "
" သူ့အလုပ်တွေရော? ကြိုမပြောရင် Hygအလုပ်
စီစဥ်ထားတာတွေ ပျက်ကုန်ဦးမယ် "
" သူ့အလုပ်က ဘယ်တော့မှ ပြတ်မှာမဟုတ်ဘူး။
ငါ့အကြံက ကောင်းတယ်။ငါတို့အစ်ကိုတွေပါ, ပါမှာဆိုတော့ လိုက်မှာသေချာပါတယ်။ မင်းက သူ့ကိုမလိုက်စေချင်တာလား "
" ဟာ မဟုတ်ပါဘူး။ Hygလိုက်ရင် ငါပျော်တာပေါ့ကွ။
ငါက hygအတွက်စဥ်းစားပေးတာ "
" အေးပါ။ ဒီနေ့က ပိတ်ရက်ဆိုတော့ Hygစောစောပြန်လာလိမ့်မယ် "
" အင်း အန်တီတို့ရော "
" ရှိတယ်လေ အပေါ်ထပ်မှာ ဘာလုပ်နေလဲ မသိဘူး "
" အော် အေးပါ "
ဒီလိုနဲ့ အချိန်တွေကုန်သွားလိုက်တာ ၃နာရီပင်ကျော်ပြီ
Taehyungလဲ ထိုင်တာကြာပြီဖြစ်တာကြောင့် ခန္ဓာကိုယ်ကိုအကြောအခြင်ပြေအောင် လုပ်ပြီး အိမ်ကိုပြန်ဖို့ပြင်တော့သည်။
အိမ်ရှေ့ရောက်တော့ ခရီးဆောင်အိတ်တွေနဲ့
အစ်ကိုနှစ်ယောက်ကို တွေ့လိုက်ရတာကြောင့်
Taehyungတို့ အထူးအဆန်းဖြစ်သွားသည်။
![𝗜 𝗗𝗼𝗻'𝘁 𝗟𝗼𝘃𝗲 𝗬𝗼𝘂, 𝗝𝗘𝗢𝗡 [Completed]](https://img.wattpad.com/cover/221834595-64-k732315.jpg)