Our Dads are Fudanshi Ep 39ရိပေါ်တစ်ယောက် ရှောုင်းကျန့်ရှိရာ အခန်းထဲသို့သွားကာ ချော့ဖို့စဉ်စားလိုက်၊ အော်ထုတ်ခံရမှာကိုတွေးပြီး ပူပန်လိုက်နဲ့ ချီတုံချတုံဖြစ်နေလေတယ်။
ရှောင်းကျန့်က ကြည့်တော့သာ ယုန်သူငယ်လေးလိုပုံစံနဲ့ စိတ်ကတော့ ဘာကြီးသလဲမမေးနဲ့။
ပြဿနာတက်ပြီဟေ့ဆိုရင်လဲ မွေးထားတဲ့သားတွေကဘာလဲ ဘာစိတ်ချရသလဲမမေးနဲ့။
အလုပ်ခိုင်းလို့လုပ်ရင်သာ သူတို့က လိပ်လိုပဲ နှေးကွေးတာ၊ အဖေနှစ်ယောက်ရန်ဖြစ်ပြီဟေ့ဆိုရင် ဖင်မှာဂျက်တပ်ပြီးပြေးသလားအောက်မေ့ရတယ်၊ ဖင်အစွန်းလေးတောင် မမြင်လိုက်ရ။
အခုလဲ ရှောင်းကျန့်စိတ်ဆိုးနေပြီဟေ့ဆိုတာလဲသိရော လင်တွေဆီပြေးရော။
အခုလို အားကိုးရတဲ့ သားအလိမ္မာလေးတွေ မွေးထားမိတာ ရိပေါ် သိပ်ဂုဏ်ယူမိတယ်။
သြော် ရိပေါ်ဘဝကြီးကလဲ ခါးသီးလိုက်တာ၊ ကြက်ဟင်းခါးသီးတောင် အဖေခေါ်ရလောက်တယ်။ ချစ်သူကမုန်း သားတွေကလင်နဲ့လုံးနေတဲ့ဘဝကြီးမှာ ရိပေါ်မနေချင်တော့ဘူး။
ရေမရှိတဲ့ချောင်းမှာ ဆရာရှောင်းနဲ့ နှစ်ယောက်တည်းသွားနေလိုက်ချင်တယ်။
တကယ်ဆို ရိပေါ်က ရှောင်းကျန့်ကို ချစ်လွန်းလို့ အူတိုမိတာကို၊ ရှောင်းကျန့်က တစိတ်ကို တစ်အိတ်လုပ်ပြီး စိတ်ကောက်စရာမရှိပဲ ကြံဖန်စိတ်ကောက်တာ။ ဘာလို့စိတ်ကောက်လဲဆိုတာ ခင်ဗျားတို့သိရင် ရှောင်းကျန့်ဖင်ကို ခပ်ဆတ်ဆတ်လေးရိုက်ချင်နေကြမှာ။
ဖြစ်တာကဒီလိုဗျာ။
သူတို့ရဲ့ဆိုင်ကြော်ငြာအတွက် မင်းသားတစ်ယောက်နဲ့ရိုက်တဲ့ကိစ္စကနေ ဖြစ်ကြတာ။ အဲဒီမင်းသားက နည်းနည်းလေး တဆိတ်တော့ ရှောင်းကျန့်နားသိပ်ကပ်တယ်လို့ ရိပေါ်ခံစားရတာမို့ သဘောမကျ။
ရှောင်းကျန့်ကတော့ အဲဒီမင်းသားရဲ့အသက်က သူ အသက် ၂၀ နဲ့သာ ကလေမွေးရင် သူ့သားအရွယ်လောက်လို့ ပြောပါတယ်၊ ဒါပေမယ့် ရိပေါ်ဆိုတဲ့ကောင်က ရှောင်းကျန့်ကို မွေးကင်းစကလေးအရွယ်နဲ့တောင် အူတိုချင်မိတာမို့ အခု မင်းသားဆိုတဲ့ချာတိတ်နဲ့ အူတိုမိတာ သူ့အလွန်မဟုတ်။
YOU ARE READING
Our Dads are Fudanshi (Season 2 of Love Area) [Completed]
FanfictionYou will get a heache when your dads are fudanshi🙄😑