Our Dads are Fudanshi Ep 27
ဧည့်ခန်းထဲမှာထိုင်ရင်း ဖုန်းကိုကြည့်ကာ ပွစိပွစိနဲ့ ရေရွတ်နေတဲ့ ရှောင်းကျန့်အနားကို ရိပေါ်ဝင်ထိုင်လိုက်တယ်။
“ကျန့်ကျန့် ပွစိပွစိနဲ့ တစ်ယောက်တည်း ဘာတွေဖြစ်နေတာလဲ”
“ဘာဖြစ်ရမလဲ မောင့်ရဲ့သားလေ နေ့လည်စာပြန်လာစားမယ် သူကြိုက်တာတွေချက်ထားပေးဆိုလို့ ဟင်းတွေအကုန်ချက်ပြီးကာမှ စခန်းမှူးနဲ့အတူတူ နေ့လည်စာစားမှာမို့ ပြန်မလာတော့ဘူးတဲ့”
“အော် ကျန့်ကျန့်ကလဲ သူမစားရင် မောင်စားမှာပေါ့ အဲဒါများ စိတ်တိုနေရသေး၊ ပြီးတော့ ချန်ယွီနဲ့အတူရှိနေတာဆိုရင် မောင်တို့ကပိုတောင်ပျော်ရအုံးမှာမဟုတ်ဘူးလား သူတို့အခြေအနေ တိုးတက်နေပြီထင်တယ်”
“တိုးတက်ရဲ့လားတောင်မသိပါဘူး ဟိုလူပျိုသိုးကြီးကလဲ မတုန်မလှုပ်နဲ့”
“မတုန်မလှုပ်နဲ့လူသားလဲ အချစ်နဲ့တွေ့ရင် အလိုလိုလှုပ်လာလိမ့်မယ်၊ မောင့်ကိုကြည့် တစ်သက်လုံး ရုပ်တည်နဲ့ ချေမိုးလာခဲ့သမျှ ကျန့်ကျန့်ကို ချစ်မိသွားတာနဲ့ ပြောင်းလဲသွားတာပဲမဟုတ်လား”
“ထားပါတော့ ထားပါတော့ ဒါနဲ့မောင့်ရဲ့ OTP လေးနော် အခြေအနေမထူးခြားသေးဘူးလား”
“ရှောင်းဝမ်ကိုကြည့်ရတာတော့ အကို အကိုနဲ့ ဖြစ်နေတာပဲ ကုဝေကတော့ ချန်ယွီလိုပဲ မြုံစိစိ အူလည်လည်နဲ့ပါကွာ မောင်တို့သားတွေကိုက အသွက်လွန်နေတာလား ဒင်းတို့နှစ်ယောက်ပဲ အဒူလွန်နေတာလားမသိဘူး”
“အေးနော် အလကား မကောင်းတဲ့သားမက်လောင်းတွေ ငါတို့က စေတနာနဲ့ အပေါ်ထပ်တင်ပေးတာတောင် ခုန်ဆင်းချင်နေတဲ့ဟာလေးတွေ၊ တစ်ခါတည်း သားတွေကို အခန်းတံခါးပိတ်ပြီး ဂျိန်းခိုင်းလိုက်မှ မကောင်းရှိတော့မယ်”
“အေးဆို မောင်လဲ စိတ်ပေါက်ပြီး တွေးမိသေးတယ် ဒါနဲ့ ရှောင်းဝမ်ရော”
“သူ့အခန်းထဲမှာထင်တယ်”
“ဒယ်ဒီနဲ့ ပါးပါး”
“ပြောရင်းဆိုရင်း အသက်ရှည်အုံးမယ်”
အခန်းထဲက ထွက်လာတဲ့ ရှောင်းဝမ်က သူ့အဖေနှစ်ယောက်ရှေ့က ဆိုဖာမှာ ရုပ်တည်နဲ့ဝင်ထိုင်တယ်။ ရှောင်းဝမ်ပုံစံက တစ်ခုခုကို အသည်းအသန်စဉ်းစားနေတဲ့ပုံစံပဲ။

ŞİMDİ OKUDUĞUN
Our Dads are Fudanshi (Season 2 of Love Area) [Completed]
Hayran KurguYou will get a heache when your dads are fudanshi🙄😑