Our Dads are Fudanshi Ep 21
ဆူဆူညံညံစကာသံတွေနဲ့ ပျော်ရွှင်နေကြတဲ့သူတွေရဲ့ကြား မပျော်ရွှင်နိုင်သူကတော့ ကုဝေပါပဲ။
ဒီလိုမျိုး ပျော်ပွဲရွှင်ပွဲတွေက ကုဝေရဲ့အကျင့်စရိုက်နဲ့ လားလားမျှ မသက်ဆိုင်တာတွေပါပဲ။
တချို့သူငယ်ချင်းတွေက ကုဝေကို ရယ်ကြတယ်၊ အသက်ငယ်ငယ်လေးနဲ့ ဒီလိုမျိုးနေရာတွေမှာ မပျော်ပါးနိုင်လို့တဲ့။
ပျော်စရာတွေသိပ်များတဲ့ Los Angeles လိုမြို့မျိုးမှာ ကြီးပြင်းလာတာတောင် ကုဝေက အပျော်အပါးမမက်၊ ကျောင်းတက်စဉ်ကတည်းက သူငယ်ချင်းတွေ night out ထွက်ဖို့ခေါ်ရင် တတ်နိုင်သမျှ ရှောင်တတ်တဲ့ ကုဝေက အခုဒီကိုပြန်ရောက်ကာမှ ဆေးရုံကလူတွေကို ငြင်းလို့မကောင်းတာမို့ bar ကိုပါလာရသည်။
ကံကောင်းတာက club လိုနေရာမျိုးမဟုတ်ပဲ ရိုးရိုးတန်းတန်း စားသောက်ကြတဲ့ bar တစ်ခုဖြစ်နေလို့သာပဲ။
“ကုဝေ … တစ်ခွက်လောက်သောက်ပါလားဗျ”
ဘေးနားမှာ ကပ်ထိုင်နေတဲ့ စီနီယာ ဒေါက်တာရွှယ်ရဲ့ စကားကြောင့် ကုဝေအော်ငိုချင်သွားသည်။
ကုဝေက သောက်လို့ ဘယ်လိုမှမဖြစ်ချေ။
သောက်တတ်စားတတ်သူမဟုတ်တာကြောင့် တစ်ခွက် နှစ်သောက်ရုံနဲ့ ကုဝေက သွေးဆိုးတတ်လေသည်။
အဲဒါကြောင့် သောက်ရမယ့်ကိစ္စကို ဝေးဝေးက ရှောင်တတ်တာအရင်ကတည်းပင်။
“ကျွန်တော်က မူးလာရင်သွေးဆိုးတတ်လို့ပါ မသောက်ပါရစေနဲ့ဗျ”
စီနီယာဖြစ်သောကြောင့် စကားကို အချိုသာဆုံးပြောပြီး ငြင်းလိုက်ပေမယ့် စီနီယာရွှယ်က လက်ခံသည့်ပုံမရပါ။
“အဲဒါဆိုလဲ တစ်ခွက်ပဲ သောက်လေဗျာ .. တစ်ခွက်လောက်တော့ဖြစ်တယ်မဟုတ်လား .. လုပ်ပါ .. ဒီနေ့က လူသစ်တွေအကုန်လုံးအတွက် welcome dinner သဘောမျိုးလုပ်ပေးတာပါ တစ်ခွက်မှမသောက်ရင် ကျွန်တော်တို့လို စီနီယာတွေက ဘယ်စိတ်ကောင်းပါ့မလဲ”
“ဟုတ်သားပဲ ဒေါက်တာကုရာ တစ်ခွက်လောက်တော့သောက်ပါ”
အရှေ့မှာထိုင်နေတဲ့စီနီယာတစ်ယောက်ကပါ ဝင်ပြောလာတာမို့ မသောက်ချင်သော်လည်း ဘီယာခွက်ကို လှမ်းယူလိုက်ရသည်။

YOU ARE READING
Our Dads are Fudanshi (Season 2 of Love Area) [Completed]
FanfictionYou will get a heache when your dads are fudanshi🙄😑