ODAF - Ep 19

2.8K 561 94
                                    


O

ur Dads are Fudanshi Ep 19

"ရိရှောင်း ဖယ်အုံးလေ.."

"အာ ဆော်ရီး"

နွေးအိအိခန္တာကိုယ်ပေါ်သို့ အရှိန်နဲ့ပစ်ချသွားတဲ့ ရိရှောင်းဟာ စခန်းမှူးပေါ်ကနေ ဖယ်ခွာဖို့မေ့လို့ အရှိန်နဲ့ ဆက်ပြီး ဖက်ထားမိတယ်။

စခန်းမှူးကဖယ်ပါလို့မပြောခင်အချိန်ထိ ခပ်တည်တည်နဲ့ သူ့ပေါ်မှာဆက်အိပ်နေပြီး သူ့မျက်နှာကိုလဲ ငေးနေမိသေးတယ်။

စခန်းမှူးနဲ့ ဒီလိုလေးနေရတာကို ရိရှောင်းနှစ်သက်နေပြန်သေးတယ်၊ ရိရှောင်းတော့ မူမမှန်တော့ဘူး၊ လွတ်နေပြီထင်တယ်။

နောက်နေ့ ဦးလေးကျိုးဆေးရုံသွားပြီး စစ်ဆေးမှုခံယူမှဖြစ်တော့မယ်။

စခန်းမှူးပေါ်ကနေ အသာထဖယ်ပေးပြီး သူပါလိုက်ထရတာ အဆင်ပြေအောင် လက်တစ်ဖက်နဲ့ ဆွဲထူပေးလိုက်တယ်။

"ကိုကိုချန်ယွီ နေမကောင်းဘူးဆို'

"မင်းကိုဘယ်သူကပြောလိုက်ပြန်ပြီတုန်း"

"ကိုကိုချန်ယွီကလဲ စိတ်ပူလို့ သတင်းလာမေးတဲ့သူကို ဆီးပြီး ဟောက်နေတော့တာပဲ"

"မင်းကို ဘယ်သူကလာမေးခိုင်းနေလို့လဲ"

"စိတ်ပူလို့ပေါ့ဗျ တကယ်ပဲ စေတနာကိုတန်ဖိုးမထားတဲ့လူ"

"အဲလိုလူလို့ထင်ရင်လဲမလာနဲ့ပေါ့"

ဟား ဒီလူကတကယ်ကိုပဲ ဘယ်လိုလူလဲ။

သူ့ကိုစိတ်ပူလို့ လာလဲကြည့်ရသေးတယ်၊ လေသံနဲ့ အပြောအဆိုက အချိုးကိုမပြေ။

အဲဒီလိုလူမှန်းသိပေမယ့် သူတစ်ခုခုဖြစ်နေပြီဆိုတာနဲ့ စိတ်ပူလို့ လာကြည့်တာပေါ့။

ဒါမျိုးတော့ ရိရှောင်းကို လာမပြောနဲ့ မရဘူး။

သူက ဘာမို့လို့လဲ ရိရှောင်းရည်းစားလဲမဟုတ်ပဲနဲ့ သည်းခံနေစရာလား။

"ကောင်းပြီ မလာဘူး အခုပြန်မယ်"

သူ့မျက်နှာကိုစေ့စေ့ကြည့်ကာ ပြောခဲ့ပြီး ရိရှောင်း ခေါင်းကို ချာခနဲလှည့်ကာထွက်ခဲ့လိုက်သည်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now