ODAF - Ep 32

3.1K 578 112
                                    

Our Dads are Fudanshi Ep 32

“စခန်းမှူးယွီ”

ကိုယ့်နားနဲ့ယဉ်ပါးနေကြခေါ်သံလေးကြောင့် ချန်ယွီ အနောက်ကိုလှည့်မိတော့ …. မြင်လိုက်ရတဲ့မျက်နှာလေးက နှစ်ယောက်မရှိတဲ့ သူ့ရဲ့ ယုန်ပေါက်ကလေး။

“ရိ…ရိရှောင်း”

“ဟာ ရိရှောင်းပါလား ဒီကိုလာတာလား နောက်တောင်ကျနေပြီ တစ်ယောက်တည်းလား”

ရိရှောင်းကိုသိတဲ့ စခန်းက အကိုတစ်ယောက်က လှမ်းနှုတ်ဆက်သည်။

စုံစမ်းရေးမှူးကျိုးကလဲ ရိရှောင်းကိုတွေ့တော့ ထိုင်ရာမှ ထကာ လက်ကိုအတင်းဆွဲပြီး ချန်ယွီ့ဘေးတွင် ထိုင်စေသည်။

“ဟေးဟေး စခန်းမှူးက ချစ်သူအကြောင်းမေးတုန်းရှိသေး၊ စိတ်အလျင်နဲ့ ချစ်သူကိုခေါ်ချလာတာပါလား”

“ဗျာ .. ရိရှောင်းက စခန်းမှူးချစ်သူလား”

“အေးလေ မင်းတို့က ဒါလေးတောင်မရိပ်မိဘူးလား”

ချန်ယွီက ဘာမှပြန်မဖြေရသေးခင် စုံစမ်းရေးမှူးကျိုးက ဘေးကနေဝင်ဖြေသည်။

ဟိုအမူးသမား စခန်းမှူးကတော့ စကားသံမကြားရ။

အဲဒါတွေ စိတ်တိုတာပေါ့။ ငယ်ငယ်ချောချောရည်းစားလေးရထားတာတောင် လူကြားထဲ ထုတ်ကြွားရကောင်းမှန်းမသိ။

“ထင်တော့ထင်ပေမယ့် .. အသက်ကလဲ နည်းနည်းကွာတော့ မဟုတ်လောက်ဘူးလားလို့ပဲ တွေးမိလိုက်တာ။ စခန်းမှူးရာ တကယ်မိုက်တာပဲ ရိရှောင်းလို အချောလေးကို ချစ်သူတော်ထားနိုင်တယ်”

“ဒါကတော့ ငါကလဲ ချောတာကိုး”

အောင်မယ် ဖြစ်ရတယ် ဖြစ်ရတယ်။ အမူးသမားက အမူးပါးဟ။ သူ့ဘက်သူတောင် ယက်နေလိုက်သေးတယ်။

“ဘယ်နားက ချောတာလဲ ဦးလေးကြီး။ ကျွန်တော်က ပိုချောတာပါဗျ”

“အဟဲ ဟုတ်တယ် ဟုတ်တယ် ကလေးက ပိုချောတာ”

ရိရှောင်းပုခုံးကို ဇွတ်အတင်းဖက်ပြီးပြောတဲ့သူကို တံတောင်နဲ့တွတ်ပစ်လိုက်သည်။ အခုမှ တော်တော်ဖြစ်။

မိမိစာတွေပို့တာမပြန်၊ ဖုန်းဆက်တာလဲမကိုင်လို့ အရက်ဆိုင်မှာများ မူးနေသလားလို့ ရိရှောင်းမှာ ပါးတို့ကိုမနည်းပြောပြီး လိုက်လာရတာ သူကတော့ အရက်သောက်လို့ကောင်းနေတယ်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Where stories live. Discover now