Our Dads are Fudanshi Ep 37“ဝမ်လေး ဘာလုပ်နေလဲ ကျောင်းကပြန်ရောက်ပြီလား”
ကျောင်းကပြန်ရောက်လို့ ကျောပိုးအိတ်ကို ချပြီး ကုတင်ပေါ်ပစ်လှဲနေစဉ် ဝင်လာတဲ့ ချစ်ချစ်ဆီက မက်ဆေ့ခ်ျကိုဖွင့်ဖတ်လို့ ရှောင်းဝမ် ပြုံးမိတယ်။
“ရောက်ပြီကိုကို။ အခု ရေချိုးမလို့လုပ်နေတာ”
ကိုကိုက ရှောင်းဝမ်ကို နာကျင်အောင်လုပ်ခဲ့ဖူးတယ်ဆိုပေမယ့် အဲဒါတွေအတွက် အတိုးချပြီး ချစ်ပေးနေတာမို့ ရှောင်းဝမ် တကယ်ပျော်ရတယ်။ မနက်ဆို ရှောင်းဝမ်မနိုးသေးတဲ့အချိန်ကစလို့ ရှောင်းဝမ်ကို စာတွေပို့ထားတယ်။ ကျောင်းသွားရမယ့်အချိန်ဆို ဖုန်းဆက်နှိုးတယ်။
ဒါတင်ပဲလားဆိုတော့လဲ ဘယ်ဟုတ်မလဲ။ မနက်ဆေးရုံမသွားခင် ရှောင်းဝမ်စားဖို့ တစ်ခုခုလာပို့တတ်တယ်။
နေ့တိုင်းဆို ယောက္ခထီးတွေက အမြင်မကြည်မှာစိုးလို့ဆိုပြီး နေ့တိုင်းတော့ မလာရဲရှာပေမယ့် တစ်ပတ်ကို ၂ ရက် ၃ ရက်တော့ ရောက်အောင်လာတယ်။
အဲဒီလောက်ကြီးထိလုပ်ပေးဖို့မလိုပါဘူးလို့ပြောလဲ ကိုကိုက လက်မခံဘူး၊ သူဂရုမစိုက်မိတဲ့အချိန်တွေအတွက် အတိုးချဂရုစိုက်ချင်ပါတယ်တဲ့။
အဲဒီတော့လဲ ရှောင်းဝမ်က အားနာပါးနာနဲ့ လက်ခံရတာပါပဲ၊ သိတယ်မဟုတ်လား၊ အမျိုးကောင်းသားလေး ရှောင်းဝမ်က စိတ်သဘောထားသိပ်ကောင်းတယ်လေ။
“ချက်ချင်းရေမချိုးနဲ့အုံးလေ။ ခဏလေးနားပြီးမှရေချိုး။ တစ်ယောက်တည်းပြန်လာတာလား။ ရိရှောင်းရောလား၊ အိမ်မှာအခုတစ်ယောက်တည်းလား။ ညနေဘာဝယ်လာရမလဲ”
မေးခွန်းတွေ တရစပ်မေးနေတဲ့သူကို ပြန်လိုက်မိတာတဲ့ စာက တခြားတစ်ခုပါ။
“လွမ်းတယ် ကိုကို”
“ကိုကို အခုဆေးရုံကနေ ဂျူတီလဲပြီး လာခဲ့ရမလား” ဆိုတဲ့ စာလေးဝင်လာတော့ ရှောင်းဝမ် ကြည်နူးပီတိ ဂွမ်းဆီထိပြီပေါ့လေ။
“အောင်မလေး မလုပ်ပါနဲ့ ဦးလေးကျိုးဆူနေပါ့မယ် ဂျူတီချိန်ပြီးမှပဲ လာခဲ့ပါဗျာ။ အရမ်းချစ်တယ်နော် ကိုကို”
VOUS LISEZ
Our Dads are Fudanshi (Season 2 of Love Area) [Completed]
FanfictionYou will get a heache when your dads are fudanshi🙄😑