Our Dads are Fudanshi Ep 38ရှောင်းဝမ် ကိုကို့ထံဖုန်းဆက်ပေမယ့် ဖုန်းမကိုင်တာကြောင့် ဆေးရုံထဲကို ဝင်လာခဲ့တယ်။ ရိရှောင်းကောင်းမှုနဲ့ ပါပါးနဲ့ဒယ်ဒီ ရန်ဖြစ်ထားကြတယ်ဆိုတဲ့သတင်းကြောင့် ရှောင်းဝမ်လဲ စက်ကွင်းမလွတ်မှာစိုးလို့ အိမ်ကနေ ခပ်မြန်မြန်ထွက်ခဲ့ရတယ်။
ဒါတောင် ဒယ်ဒီက သူ့ကိုတစ်ယောက်တည်းထားသွားတော့မလုိ့လားဆိုတဲ့ သနားစဖွယ်အကြည့်နဲ့ကြည့်နေသေးတာမို့ မျက်နှာလွှဲပြီး လစ်ထွက်လာရတယ်။
ဒီလိုအချိန်မှာ ဒယ်ဒီ့ကိုမသနားနိုင်ဘူး၊ ဒယ်ဒီ့ကို သနားမိရင် ကိုယ်ပါ ပါပါးဆူတာကို ရောယောင်ခံရမှာလေ။
ဒါမျိုးတွေက ရှောင်းဝမ်တို့လို သားတွေပဲ အကြောင်းသိတယ်။
ပါပါးက စိတ်တိုတုန်းဆူရင် အကုန်လုံးကို ပတ်ဆူပြီး စိတ်ဆိုးပြေရင်တော့ သူ့ယောကျာ်းကို အရင်စိတ်ပြေတဲ့အမျိုး။
ပါပါးဘက်ကိုလိုက်ရင်လဲ ဒယ်ဒီစိတ်မကောင်းဖြစ်မှာစိုးတာမို့ ပါပါးဘက်ကိုမလိုက်ချင်၊ ဒါပေမယ့် ဒယ်ဒီ့ဘက်ကို လိုက်မိပြန်ရင်လဲ ပါပါးနဲ့ဒယ်ဒီ စိတ်ဆိုးပြေတဲ့အချိန်ကျ ရှောင်းဝမ်တို့ညီအကိုတွေ ကောင်းကောင်းအထောင်းခံရတာမို့ နောက်ပိုင်းကျ သူတို့ရန်ဖြစ်ရင် ဘေးထွက်ပြီးကြည့်နေလိုက်ရတော့တယ်။
သူတို့လင်လင်တွေက စိတ်ကောက်ပြီး ရန်ဖြစ်ရင် တစ်ညမခံဘူး၊ ချက်ချင်းပြန်တည့်တာများတယ်။
ပါပါးက ဒယ်ဒီ့ကိုကြာကြာစိတ်မဆိုးနိုင်သလို ဒယ်ဒီကလဲ ပါပါးစိတ်ဆိုးပြီဆိုရင် ပြာယာခတ်လောက်အောင်ချော့တတ်လေတယ်။
အကိုကုဝေလဲ ဒယ်ဒီ့လို ရှောင်းဝမ်ကို ချစ်နိုင်ကာမှ လက်ထပ်နိုင်မယ်လို့ အခုကတည်းကပြောထားရမယ်။
အချော့ကြိုက်တတ်တာကတော့ ရှောင်းဝမ်တို့ညီအကိုနှစ်ယောက်စလုံးက ပါပါးနဲ့တစ်ပုံစံတည်းပဲ။
အခုတောင် ရှောင်းဝမ်က ဖုန်းဆက်တာမကိုင်လို့ စိတ်ကောက်ဖို့ တာဆူနေပြီ။
အခုတလောက အကိုကုဝေက ဦးလေးကျိုးအနောက်လိုက်ကာ သူ့ရဲ့လက်ထောက်ဆရာဝန်သဘောမျိုး ဝင်လုပ်နေတာမို့ ဦးလေးကျိုးရဲ့ရုံးခန်းဘေးမှာထိုင်ရာတာမို့ ဦးလေးကျိုးရုံးခန်းရှိတဲ့ အထပ်ကိုတက်လာလိုက်သည်။ အခန်းထဲမဝင်ခင်မှာပဲ ဦးလေးကျိုးရဲ့ PA ကျဲကျဲက ရှောင်းဝမ်ကို လှမ်းနှုတ်ဆက်တယ်။

CZYTASZ
Our Dads are Fudanshi (Season 2 of Love Area) [Completed]
FanfictionYou will get a heache when your dads are fudanshi🙄😑