Our dads are fudanshi Ep 41ရှောင်းဝမ်တို့အိမ်ရှေ့ကို ကုဝေရောက်သွားတယ်ဆိုရင်ပဲ အိမ်ပေါက်ဝမှာတွေ့ရတာ ရဲကားတစ်စီး။
ရဲကားဆိုလို့ တစ်မျိုးမထင်နဲ့
အဲဒါ ရိရှောင်းရဲ့ဘဲဘဲကြီး စခန်းမှူးချန်ယွီရဲ့ကား။အဲလူကြီးက စခန်းမှူးသာဆိုတယ်၊ ဘယ်ချိန်အလုပ်လုပ်တယ်မသိ၊ ကုဝေကြည့်လိုက်တိုင်း အဲလူက ရိရှောင်းအနားမှာချည်းပဲ။
သို့ပေသိ ဒီလူက ရိရှောင်းကိုအတော်ချစ်နိုင်တာတော့ အားကျအတုယူစရာကောင်းလွန်းတာ ငြင်းမရ။
သူကတော့ စခန်းမှူးဆိုတော့ တပည့်တပန်းတွေခိုင်းပြီး ရည်းစားနားကပ်နေနိုင်တာပေါ့
သူကတော့ အခုမှ အလုပ်သင် ၁ နှစ်တောင်မပြီးသေးသူမို့ ဆေးရုံမှာ သင်ယူစရာများပြားလွန်းလှတယ်လေ
အလုပ်မအားလို့ ဂရုမစိုက်သလိုဖြစ်သွားတာရှိရင် သူ့ကို ရှောင်းဝမ်လေးနားလည်ပေးဖို့ မျှော်လင်မိ့ပါရဲ့
"ဝေး အငယ်လေးရိရှောင်း"
ကုဝေရဲ့နှုတ်ဆက်သံကြောင့် ရိရှောင်းက သူ့ဘဲကြီးနဲ့ စမာကလာရိုက်နေရာကနေ ခေါင်းလေးစောင်းပြီးကြည့်တယ်
"ဟာ အကိုကုဝေ ကိုကိုရှောင်းဝမ်ဆီလာတာလား"
အေးပေါ့ ငါက မင်းအကိုဆီမလာလို့ မင်းအဖေ ရေဗာင်းကျန့်ဆီလာရမှာလား!
မလာရဲပါဘူး ယောက္ခထီးကြီးဝမ်ရိပေါ်နဲ့တွေ့သွားမှာပေါ့ ကြောက်တယ်
ယောက္ခထီးက လင်ထိ ဓားကြည့်ပဲ! သူ့လင်လင်ကို တစ်ချက်တောင်ရှိုးလို့မရဘူး
ကိုယ်ကလဲ သူ့လင်ကိုမထိချင်ပါဘူး သူ့သားလေးကိုပဲ အဟင်း
"ဟုတ်တယ် ကိုယ်က နိုက်ဂျူတီဝင်ရတော့ အခုမှထွက်လာပြီး ရှောင်းဝမ်ကိုလာတွေ့တာ"
"အိမ်ထဲသာဝင်သွားလိုက် အကိုကုဝေ .. ကိုကိုကမနိုးသေးဘူးထင်တယ် ညကကိုကိုအပ်တာနောက်ကျတယ်"
"ဟို အန်ကယ်ပေါ်တို့ရော..."
"ဒယ်ဒီတို့က မနက်ပိုင်းစေ့စပ်ပွဲတစ်ခုပြင်ဆင်စရာရှိလို့ ခုနကလေးတင်ပဲထွက်သွားတယ်"

ВЫ ЧИТАЕТЕ
Our Dads are Fudanshi (Season 2 of Love Area) [Completed]
ФанфикYou will get a heache when your dads are fudanshi🙄😑