My Dads are Fudanshi Ep 1
“ဝမ်ရိပေါ်ရေ !!!!!”
အောက်ထပ်မှာ ကလေးတွေသောက်ဖို့ နို့ဘူးဖျော်နေရင်းနဲ့ အိမ်အပေါ်ထပ်က လင်တော်မောင် ရှောင်းကျန့်အော်သံကြောင့် နို့ဘူးကိုအသာချကာ အပေါ်ထပ်သို့ပြေးတက်သွားမိသည်။ တွေ့ပါပြီ။
သားအငယ်ကောင် ရိရှောင်းကို လက်မှာချီလို့ သားအကြီးကောင် ရှောင်းဝမ်က ရှောင်းကျန့်ကျောကို ဖက်ပြီးတက်နေသော မြင်ကွင်း။
ဒီလိုရယ်စရာမြင်ကွင်းကမဆန်းတော့သော်လည်း မရယ်မိအောင်တော့ နေရသည်။
စအော်ကတည်းက လေသံကို ရိပေါ်က သဘောပေါက်ပြီးသား။
“ဘာဖြစ်လို့တုန်း ကျန့်ကျန့်”
“မင်းကနို့ဘူးတစ်ခါသွားဖျော်တာပေါ်ကိုမလာတော့ဘူး မင်းကနို့ဘူးဖျော်နေတာလား နို့သွားညှစ်နေတာလား”
“ကြံကြီးစည်ရာ ကျန့်ကျန်ရယ် မောင်ကဘယ်မှာနို့သွားညှစ်ရမှာလဲ ရေနွေးကုန်နေလို့ ရေနွေးတည်နေလို့ပါ အချစ်ရဲ့”
“မသိဘူး ဘယ်နားညှစ်ညှစ်”
“ကဲပါ အခုဘာဖြစ်လို့လဲ မောင့်ကိုပြော”
“ဒီမှာ မင်းသားအငယ်ကောင် အီးပါထားပြန်ပြီ”
“ဟေ ပါပြန်ပလား”
မနက်ကလည်း တစ်ခါ အီးပါလို့ ရိပေါ်ပဲ အီးကုန်းပေးရပြီးပြီ။ အခုလဲ ထပ်ပါပြန်ပြီတဲ့လား။
ဖေ့သားလေး ဖင်ကလဲ ထွက်ထွက်နိုင်လွန်း .. အီးအီးပြောပါတယ်။
“ပါပြန်ပြီ မင်းကို အစားသိပ်မကျွေးပါနဲ့လို့ ငါပြောသားပဲ”
ဘယ့်နှယ်ဗျာ။ ကိုယ့်သားကိုယ် အစားကျွေးတာပဲ အပြစ်ဖြစ်ရပြန်ပြီ။
အစားမကျွေးလို့ အငတ်ထားရမှာလားပြော။
ပြောလိုက်ရင် မင်းသား၊ မင်းသားနဲ့ သူ့သားမဟုတ်ပဲ ကိုယ်က ကြားကဆွဲထားတာကျနေတာပဲ။
ဒါပေမယ့် အခုလို မကျေမချမ်းဖြစ်တာတွေ ထုတ်ပြောလို့မဖြစ်ဘူး သိတယ်မဟုတ်လား။
ကျန့်ကျန့်ဆိုတာ စိတ်တစ်ခါကောက်ပြီဟေ့ဆိုရင် ကိုရီးယားကာတွေလိုပဲ အပိုင်းဆက်နဲ့ ရက်ခွဲပြီးကောက်တဲ့အမျိုး။
KAMU SEDANG MEMBACA
Our Dads are Fudanshi (Season 2 of Love Area) [Completed]
Fiksi PenggemarYou will get a heache when your dads are fudanshi🙄😑